🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (46)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" မမမှီ ခြံရှေ့မှာ ဦးဦးကြီး တစ်ယောက်က မမမှီ ကို တွေ့ချင်လို့ ထွက်လာပေးတဲ့။သားကို ပြောခိုင်းလိုက်တယ် "
နေ့လည်စာအတွက် ချဥ်ပေါင်ကြော်ဖို့ ထမင်းချက်အဒေါ်တို့နဲ့ ချဥ်ပေါင်ရွက် ဝိုင်းပြီး
ကူသင်ပေးနေစဥ်... ကစားချိန်မို့ အိမ်ကြီးရှေ့မှာ
ထွက်ကစားနေကြတဲ့ ကလေးတွေထဲမှ နှစ်တန်း
ကျောင်းသားလေး အာကာ က မှီ့ဆီကို အပြေးလာပြောသည်။မှီလည်း တွေ့ချင်တယ်ပြောတဲ့ သူက ဘယ်မှန်းမသိတာကြောင့်.. အပြေးလာပြောတဲ့ အာကာလေး
ကို..." အာကာလေး အဲ့ဦးဦးကြီး က သူက ဘယ်သူပါလို့ရော ပြောသေးလား။ပြီးတော့ ပုံစံကရော ဘယ်လိုပုံစံလဲ။ကြောက်စရာ ပုံစံကြီးလား.. "
မှီ့အမေးကို ဗိုလ်ကေဆံပင်နဲ့ အနီရောင်စပိုက်ဒါမန်း အင်္ကျီ၊ဘောင်းဘီတို ဝမ်းဆက်ကို ဝတ်ထားတဲ့... အာကလေးက မေးစေ့ကို လက်ညိုးလေးနဲ့ ကုတ်ခြစ်ပြီး စဥ်းစားနေလေရဲ့။ခဏကြာတော့... စဥ်းစားလို့ရသွားဟန်နဲ့ မှီ့ကို ကြည့်လာပြီး...
" အဲ့ဦးဦးကြီး က သူ ဘယ်သူဆိုတာတော့ သားကို မပြောဘူး။ဒါမယ့်လေ အပြာရောင် ကားလေးကို မှီပြီး လက်ပိုက်ကြီးနဲ့ မျက်နှာကြီးကို ဒီလိုလုပ်ပြီး ရပ်နေတဲ့ ပုံစံကြီးက အရမ်းမိုက်တယ် ဗျ "
" အဟင်း အဟင်း "
အာကာလေး က လက်ကိုပိုက်ပြီး မျက်လုံးလေးတွေကို စုကြုံ့ပြီး... ပုံဖော်ပြနေတာကြောင့် မှီနဲ့
ချဥ်ပေါင်ရွက်သင်နေတဲ့ အဒေါ်တို့မှာ သဘောကျ၍ ရယ်မိကုန်သည်။" အဒေါ်တို့ မှီ ခဏသွားလိုက်အုံးမယ်နော် "
" သွားလေ မှီလေးရဲ့.. ဒါတွေက အဒေါ်တို့လုပ်လည်းရပါတယ်ကွယ် "
" ဟုတ်ကဲ့ "
မှီ အဒေါ်တို့ကိုပြောပြီး ခြံရှေ့အပြင်ကို ထွက်လာခဲ့လိုက်သည်။
" ကျွီး..။ ဟင်! "
ခြံတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တော့... မျက်စိ
ရှေ့မှာ မြင်လိုက်ရတဲ့ အရာက... မှီ့ ခြေလှမ်းတွေ
ကို ရပ်တန့်သွားစေပြီး... အာမေဋိတ်သံလေးနဲ့အတူ နေရာမှာတင် လူကိုပါ ကြက်သေ သေသွားစေသည်။