ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (15)

5K 123 0
                                    

    🍑ဖြူစင်သူ မင်းအတွက်

                      (or) အစားထိုးခံ သတို့သမီး🍑

                        အခန်း  (15)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

ဗိုက်ဆာလိုက်တာ.. အောက်ဆင်းပြီး တစ်ခုခုစားရမယ်။မဟုတ်ရင် ဗိုက်ထဲကကောင်တွေ စစ်ဖြစ်
တော့မယ်။

မှီ အိပ်ရာကနိုးလာတာနဲ့ ဗိုက်ကနေမရအောင် ဆာနေပြီ။တဂွီးဂွီးမြည်နေတဲ့ ဗိုက်ကို ဖြည့်တင်း
ဖို့ရာအတွက် မှီဘေးမှာ အိပ်နေတဲ့ ဦးရာ မနိုးအေ
ာင် ကုတင်ပေါ်ကနေ ဖြည်းဖြည်းလေး ဆင်းလို
က်သည်။ပြီးတာနဲ့ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး... အဝတ်လဲခန်းထဲသွားပြီး ဗီရိုထဲမှဂါဝန်တစ်ထည်ကိုယူပြီး ကိုယ်ပေါ်က ညဝတ်အင်္ကျီနဲ့ လဲဝတ်လိုက်သည်။အားလုံးပြီးသွားချိန်မှာတော့ မှီ အောက်ထပ်ကိုဆင်းဖို့ အခန်းတံခါးဆီ ဖြည်း ဖြည်းလေး ချဥ်ကပ်သွားလိုက်သည်။

" အဲ့ဒါက ဘယ်ကိုသွားမလို့လဲ "

တံခါးဆီလှမ်းနေတဲ့ မှိီ့လက်က နောက်ကျောဆီမှ ဦးဒေါသအိုရဲ့စကားကြောင့် လေထဲမှာ ရပ်တန့်သွားပြီး...

ဟင်! နိုးသွားတာလား။ငါ ဖြည်းဖြည်းလေး သွားနေတာတောင်လေ။

" ဟေ့.. မင်းကိုမေးနေတာ မကြားဘူးလား။တံခါးဖွင့်ပြီး ဘယ်သွားမလို့လဲလို့.. "

မှီ နူတ်မှတီးတိုးလေး ရေရွတ်နေချိန် နောက် ကျောဆီမှ ထပ်ကြားရတဲ့ စကားကြောင့်... တံခါးနားကနေ ဦးရာဘက်ကို မျက်နှာပြန်လှည့်လိုက်ပြီး...

" မှီ ဗိုက်ဆာလို့ အောက်မှာ နံနက်စာ ဆင်းစားမလို့.. "

" ဗိုက်ဆာရင် မင်း စားဖို့အတွက် အပေါ်ကို လာပို့ခိုင်းလိုက်မယ်။ကုတင်ပေါ်ပြန်လာပြိီး စောင်ထဲမှာ ပြန်လဲနေလိုက် "

" ဟင့်အင်း.. မှီ မအိပ်ချင်တော့ဘူး "

" ကျစ်! ဘယ်သူက မင်းကိုအိပ်ခိုင်းနေလို့လဲ။
နေမကောင်းဖြစ်နေလို့ မင်းကိုနွေးနွေးထွေးထွေး
နေခိုင်းနေတာ။စားသောက်ပြီးရင် ဆရာဝန်ပြရမယ်။အဲ့ဒါကြောင့် အခန်းထဲမှာပဲ ငြိမ်ငြိမ်နေ "

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora