🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (36)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ဟုတ် ဟုတ်တယ် "
တကယ်လည်းပဲ ဦးရာ မက်ဆေ့ပို့တဲ့ အချိန်က
မှိီကိုယ်တိုင် စာပြန်မပို့ချင်သလို... ကိုကြီးသောရဲ့ အနားမှာ ရှိနေတာကြောင့် ပြန်မပို့မိတာလည်းပါ
သည်။ ကိုကြီးသော အထင်လွဲလောက်တဲ့ ကိစ္စမျိုး မလုပ်ချင်တာလို့ ပြောလည်း ရသည်။ဦးရာ ကို အမှန်တိုင်း ပြောရတာကလည်း အခုထပ်ပိုပြီး စိတ်ဆိုးတာမျိုး မလိုချင်လို့ပါ။
ရာ သူ(မ)နူတ်ကနေ မြတ်သောသူအနားမှာရှိလို့
လို့ မဖြေပါစေနဲ့လို့... ကြိတ်ပြီး ဆုတောင်းပေးမယ့်ဆုတောင်းမပြည့်ခဲ့ပါဘူး။သူ့မျက်ဝန်းတွေကို ကြည့်ပြီး 'ဟုတ်တယ်' ဖြေလိုက်တဲ့ အချိန် ရင်ဘက်ထဲက ဆူးအောင့်သွားပြီး... သူ(မ) ပခုံးကိုဆုပ်ကိုင်ထားတဲ့ လက်တွေက
ဆုပ်ကိုင်ထားဖို့.. အားမရှိတော့သလို ပြုတ်ကျသွားသည်။မျက်ဝန်းဝိုင်းလေးတွေနဲ့ သူ့ကို ကြည့်နေတဲ့ သူ(မ) မျက်ဝန်းတွေကို မကြည့်နိုင်သည်မို့...
အကြည့်လွှဲမိသည့်အခိုက် နူတ်ခမ်းထက်မှာ ပေါ်လာတဲ့ အပြုံးက နာကျင်မှုတွေ ရောယှက်လို့။" မင်း သဘောကျနေတဲ့ လူအနားရှိရင်... ကိုယ်က
စာပြန်ပို့ပေးရလောက်တဲ့အထိ အရေးမပါတော့တဲ့ လူတစ်ယောက်ပေါ့။ကိုယ်က မြတ်သောသူနဲ့ယှဥ်ရင် မင်းအတွက် သေးငယ်ပြီး အသုံးမဝင်တဲ့ အမှုန်အမွှားသာသာပေါ့လေ။အဟင်း... "ရာ စကားပြောရင်း ရယ်မိတာတောင် အသက်မပါတော့။
ဦးရာ စကားတွေကြောင့် မှီ အတော်လေး စိတ်မကောင်းဖြစ်သွားရသည်။စာမပြန်မိတာက ဦးရာ အခုလောက်ထိ ခံစားရမယ်မှန်းသာ သိရင်... မှီ
ဦးရာ ပို့တဲ့ စာတိုင်းကို ပြန်မိမှာပါ။အခုတော့ အချိန်က နောက်ပြန်လှည့်လို့ မရတော့သည်မို့...
ဦးရာ စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးတာမျိုးပဲ လုပ်ပေးနိုင်တော့မည်။