ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (33)

4.2K 104 3
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (33)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

အဟင်း နိုး​တောင်နေပြီပဲ ကလေးဆိုးလေး က။

ရာ အိပ်ရာနိုးနိုးချင်းမှာ ခေါင်းထဲ သိပ်မကြည်တာမို့.. ရေချိုးခန်းဝင်ကာ ခေါင်းလျှော် ရေချိုးလိုက်တာဖြစ်သည်။

ရေချိုးခန်းကနေ ရေစိုနေတဲ့ ခေါင်းကိုသုတ်ရင် ပြန်ထွက်လာတော့... တစ်ညလုံး လူကို အိပ်ရခက် နေရခက်အောင် လုပ်ထားတဲ့ အဆိုးလေး က စောင်ပုံထဲမှာ ထိုင်နေသည်။အနည်းငယ် ပွယောင်ယောင်ဖြစ်နေတဲ့ ဆံပင်တချို့က မျက်နှာပေါ် ကပိုကရိုကျလျက်။ အိပ်ရာနိုးစမို့ ထင်ပါရဲ့
ထိုင်နေတာက ငူငူငေါင်ငေါင်လေး။

" မီးငယ်လေး နိုးပြီလား "

" အင်း။ ဝါး.. "

မေးတာကိုသာ ဖြေတာ။မျက်လုံးတွေ သူ့ကိုမကြည့်။သမ်းလိုက်တာက ရေမြင်းလေးလားထင်ရတယ်။ပါးစပ်လေးကို တအားဟလို့။ဘယ်အချိန်
ကြည့်ကြည့် အမြဲတမ်း ရိုးရှင်းနေတဲ့သူလေး။အဲ့လို ဟန်ဆောင်ခြင်းကင်းလို့လည်း သူ့မှာချစ်ကျွမ်းဝင်မိတာ။

အိပ်ချင်စိတ် မပြယ်သေးပုံရတဲ့ သူအနားကို
လျှောက်သွားပြီး... အနားရောက်တဲ့အခါ သူ(မ)
ဘေးမှာ တင်ပါးလွဲဝင်ထိုင်လိုက်သည်။ထို့နောက်
မှာ ညက သူ့ကို မျိုးစုံကလိထားတာတွေ မှတ်မိလားဆိုတာ မေးလိုက်သည်။

အို! အင်္ကျီမဝတ်ဘာမဝတ်နဲ့ ငါ့ဘေးမှာ ဘာလို့လာထိုင်ရတာလဲ။လူကို မနက်စောစောစီးစီး ချွေးပြန်အောင် လုပ်နေတယ်။

ခါးမှာ တဘက်တစ်ထည်သာ ပတ်စည်းထားပြီး..
ကိုယ်အပေါ်ပိုင်း ဗလာကျင်းနေတဲ့.. ဦးရာ က မှီ့ဘယ်ဘက်ရှေ့တည့်တည့်မှာ ဝင်ထိုင်လိုက်တာ
ကြောင့်.. တမင်မကြည့်မိအောင် လွဲထားတဲ့ မျက်
နှာလေးက ပူကျစ်လာတာ မီးခဲအလား။

" မီးငယ်လေး ညက အိပ်လို့ကောင်းလား "

အား! ဘာလို့ ညက အကြောင်းကို စောစောစီးစီးလာမေးနေရတာတုန်း။လူကို ဘာဖြစ်စေချင်နေတာလဲ ဦးရာ က..၊

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora