ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (39)

3.8K 93 2
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (39)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" မောင်မြတ်သောသူ ရောက်လာပေးတာ ဆရာမကြီး ကျေးဇူးတင်မဆုံးပါဘူးကွယ် "

သော သူ့ကိုမြင်တာနဲ့ ကျေးဇူးစကားပြောတဲ့
ဆရာမကြီး ကို အပြုံးဖြင့်...

" ကျွန်တော့်ရဲ့ ကူညီမှုတောင်မှ မစတင်ရသေးပါ
ဘူး ခင်ဗျ။အာ့ကြောင့် ကျေးဇူးမတင်ပါသေးနဲ့အုံး။အားလုံးပြီးတော့မှ ကျေးဇူးတင်ပါ ဆရာမကြီး "

" ဟုတ်ပါပြီကွယ် "

" ကိုကြီးသော ကားတွေက ဘာလုပ်ဖို့လဲ ဟင်။
ပြီးတော့ ကိုကြီးသောမှာ ဘာအစီစဥ်တွေ ရှိလဲ။
မိုးကချုပ်တော့မှာမို့လို့ပါ "

" ကိုယ် သေချာ စီစဥ်လာခဲ့ပါတယ်။ကားတွေနဲ့
အလုပ်သမားတွေက ဆရာမကြီးတို့နဲ့ ကလေးတွေရဲ့ ပစ္စည်းတွေကို ကားပေါ်တင်ပြီး၊အသစ်ဆောက်နေတဲ့ ဂေဟာမပြီးခင်အထိ ယာယီ နေ
မယ့်နေရာဆီ ပြောင်းရွှေ့ဖို့အတွက် ခေါ်လာတာ။

ဆရာမကြီးတို့ အခုနေရာမယ့်နေရာက နည်းနည်း
တော့ မြို့ပြင်ကျတယ်။အပန်းဖြေအိမ်ပုံစံမျိုး ဆောက်ထားတဲ့... သူငယ်ချင်း ပိုင်တဲ့ နှစ်ထပ်တိုက်အိမ်မှာ နေရမှာပါ။သူငယ်ချင်းက နိုင်ငံခြားမှာ နေတာဖြစ်လို့.. ဖယ်ပေး ပြုပေးရမှာတွေ စိတ်ပူစရာမလိုဘူး။အခု အားလုံး အဲ့နေရာကို
ပြောင်းရွှေ့ပြီးတာနဲ့ စိတ်အေးအေးနဲ့ နေလို့ရပါပြီ "

" ဒါဆို မှီတို့ ပစ္စည်းတွေ တင်ရတော့မလား
ကိုကြီးသော "

" အင်း တင်ရမယ်။ဒါမယ့် မှီလေးတို့ မတင်ရပါဘူး။ကိုယ် ခေါ်လာတဲ့ အလုပ်သမားတွေ တင်ပေးကြမှာ။ကိုယ် ဦးဆောင်ပြီး လုပ်မှာမို့လို့.. ဆရာမကြီးတို့နဲ့ မှီလေးက နေလိုက် "

" ဟုတ်ကဲ့ "

ကိုကြီးသော က သူ့စကားဆုံးတာနဲ့ အလုပ်သမားတွေနဲ့အတူ ပစ္စည်းတွေကို ကားပေါ်ကို တင်တော့
သည်။မှီတို့တွေကို ဘာတစ်ခုမှ ပေးမသယ်ခိုင်း။အကုန် သူတို့ဘာသာပဲ သယ်တင်သည်။

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora