🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (12)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ပျော်လား ကိုဘုန်းမင်းဒီရာရဲ့ သတို့သမီး လုပ်ရတာ မှီလေး "
ဟင်!.. ကိုကြီးသော ပါလား။
ခုံမှာ ထိုင်မလို့ရှိသေးသည် နောက်ကျောဆီကနေ မေးလာတဲ့ ကိုကြီးသောရဲ့ အမေးကြောင့်.. နူတ်မှ
တီးတိုးလေး ရွေရွတ်မိသည်။မှီ ထိုင်ခုံမှာလည်း မထိုင်နိုင်တော့ဘဲ.. ခပ်တင်းတ င်း မျက်နှာလေးနဲ့ နောက်ဘက်ကို ပြန်လှည့်ပြီး...
" ကျွန်မ က ရှင်သိတဲ့ မှီ မဟုတ်ဘူးဆိုတာ အခုတစ်ခါ ထပ်ပြောရင် နှစ်ခါရှိပြီ။ရှင် ဘယ်အထိ
မီ့ ကို ရှင့်အသိမိန်းကလေး မှီနဲ့ မှားနေအုံးမှာလဲ
ကိုမြတ်သောသူ "သော မီအဖြစ် သရုပ်ဆောင်ကောင်းလွန်းတဲ့
မှီလေး အပြောကြောင့် ပြုံးမိ၏။" ဒါဆို မင်း က မီ ပေါ့ "
" ဟုတ်တယ် အဲ့ဒါကြောင့် မီ့ ကို ရှင့်အသိနဲ့ ထပ်မမှားပါနဲ့။မီ့အတွက် အဆင်မပြေဘူး။အစားအ
သောက်တွေကို အေးအေးဆေးဆေး သုံးဆောင်လိုက်ပါဦး။ မီ ဦးရာနဲ့အတူ ဧည့်ခံဖို့ သွားလိုက်အုံးမယ် "မှီ ကိုကြီးသော အနားမှာ ကြာကြာနေဖို့ မရဲတာမို့
ဧည့်သည်တွေကို နူတ်ဆက်စကားပြောနေတဲ့ ဦးရာရှိရာကိုသာ သွားလိုက်သည်။" မင်း သဘောကျတဲ့ ကိုယ့်ကို လိမ်ညာရတာက၊
မင်းအတွက် ပျော်စရာ အရမ်းကောင်းနေလို့လား
မှီလေး "ကိုကြီးသော စကားကြောင့် မှီ ထိုင်ပြီးတော့သာ
ငိုချပစ်လိုက်ချင်မိတော့သည်။အံကိုကြိတ် လက်နှစ်ဖက်ကို ခပ်တင်းတင်းလေး
ဆုပ်ပြီး.. မျက်လုံးလေးတွေကို မာန်ထန်နေသော
အသွင်ကိုဆောင်၍ ကိုကြီးသောရှိရာဘက်ကို ပြန်လှည့်လိုက်ပြီး..." တတိယအကြိမ်မြောက် ထပ်ပြောလာတဲ့ ရှင့်စကားက မီ့ကိုအလွန်အကျုး ဒေါသထွက်စေတယ်။ဒီနေ့က မီ့ဘဝရဲ့အရေးကြီးတဲ့ နေ့ထူးနေ့
မြတ်လေးမို့.. မီ့ဒေါသကို မြိုသိပ်ပြီး ရှင့်ကို ခွင့်လွှတ်ပေးလိုက်မယ်။နောက်ထပ် ရှင့်ကို မီမတွေ့ချင်တော့ဘူး။အာ့ကြောင့် မီ့ရှေ့က်ို ရောက်ရော
က်မလာပါနဲ့။ရှောင်ဖယ်သွားပေးပါ။ရှင့်ကြောင့်
မီတော်တော်လေး စိတ်တို ဒေါသထွက်ရလို့ပါ
ကိုမြတ်သောသူ "