🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (40)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
မီ ကိုကို့ဆီကနေ လုံးဝမထင်မှတ်ထားတဲ့... တာဝန်ယူမှုမဲ့လွန်တဲ့ စကားများကြောင့်...
ရင်ထဲ၌ ခံပြင်းဒေါသတို့က အုံးကြွလာ၏။ကိုယ်ဝန်ရှိနေပြီလို့ ပြောတဲ့ မီ့စကားကို အလေးအနက်ထားချင်းမရှိဘဲ... ဖုန်းကိုသာ စိတ်ဝင်တစားကြည့်နေတဲ့ ကိုကို့ကို ထုရိုက်ပြီး နေရာမှာတင်သတ်ပစ်ချင်မိတဲ့ စိတ်တေက တဖွားဖွား ဖြစ်နေမိ၏။
"မီ့ကို ပေး! ဘာမှ အရေးမပါတဲ့ အဲ့ဖုန်းကို "
မီ ဆိုဖာပေါ်မှာ လှဲပြီး ဖုန်းကြည့်နေတဲ့ ကိုကို့လက်ထဲက ဖုန်းကို ဆွဲလုယူပစ်လိုက်သည်။
" မီ မင်း ဘာလုပ်တာလဲ။ ဖုန်းကို အခု ပြန်ပေးစမ်း "
" ဟင်! သူ သူက ဘယ်သူလဲ ကိုကို။မီ မေးနေတယ်။သူက ဘယ်သူလဲလို့! "
ကိုကို့ဖုန်း မီ့လက်ထဲရောက်လာတော့... စကရင်မှာပေါ်နေတဲ့ Messengerထဲမှာ အပြန်အလှန်ပို့နေကြတဲ့..ချစ်စကားဆိုထားတဲ့ စာတွေ၊အသည်း
ပုံစတစ်ကာတွေနဲ့ ရေကူးကန်ဘေးမှာ အအေးတစ်ခွက်ကိုကိုင်ပြီး..ဘီကီနီဝတ်စုံနဲ့ကောင်မလေး
ရဲ့ပုံကို အသည်းတွေပေးပြီး ဘယ်လောက်ထိချစ်ပါကြောင်းကို စာတစ်တန်ပေတစ်တန်ဖွဲ့၍ ရေးထားတဲ့... ကိုကို့စာတွေကို မြင်တာနဲ့ မီ့ကို ဒေါသတွေထွက်စေတာက ခေါင်းကနေ ပွင့်ထွက်တော့မလိုပင် ဆူပွတ်သွားစေသည်။အဲရစ် သူ့လက်ထဲက ဖုန်းကိုယူသွားတဲ့ မီကြောင့် လှဲနေရာကနေ စိတ်ပျက်စွာနဲ့ ထထိုင်ပြီး...
" ငါ့ကို ဖုန်း ပြန်ပေး မီ "
" ဖုန်းလိုချင်ရင် မေးတာကို အရင်ဖြေ! "
ဖုန်းမပေးဘဲ ရစ်နေတဲ့ မီ့ကို အဲရစ် စိတ်မရှည်တော့သည်။
" ဖုန်းတစ်ခုလုံး မင်းလက်ထဲရောက်နေပြီး...
အပြန်အလှန် ပို့နေတဲ့ စာတွေကိုလည်း မင်း မျက်စိနဲ့ ကိုယ်တိုင် မြင်နေပြီပဲ။မင်းသိပြီးသား အရာကို ငါက ထပ်ပြောပြဖို့ လိုသေးလို့လား... "