🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (22)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" မြေးရဲ့ ယောက္ခလောင်းတွေကို အဖိုးတော့ သိပ်သဘောမကျဘူးကွယ်။ဒီစကားကိုပြောတာကလည်း မြေးနဲ့နှစ်ယောက်တည်းရှိလို့ ပွင့်ပွင့်လင်းလင်း အဖိုး ပြောတာ "
" အဖိုး က ဘာကို သဘောမကျတာလဲ ဗျ။ကျွန်တော် အဖိုး ပြောချင်တာကို သိပ်နားမလည်လို့ သေချာ ပြောပြပါလား "
ဦးမင်းဒီရာ သူပြောတာကို နားမလည်ဘူးလို့ ပြောလာတဲ့ မြေးမျက်နှာကို ခပ်ဖွဖွချလိုက်တဲ့ သက်ပြင်းချသံနဲ့အတူ ကြည့်လိုက်ပြီး...
" မြေးနဲ့ ပတ်သက်ပြီး အဖိုးနဲ့ သိတာဖြင့် မကြာ
သေးတာကို သူတို့လုပ်ငန်းအတွက် ငွေလာချေးတာကို ပြောတာပါ။သိန်းခုနှစ်ထောင်ဆိုတာက
အဖိုးတို့အတွက် မပြောပလောက်တဲ့ အရာလေးပါ။ဒါမယ့် လက်တောင်မထပ်ရသေး.. သေချာ
တောင်မှ မရင်းနှီးသေးတဲ့ ယောကျ်ားလေးရှင်
ဆီမှာ ပိုက်ဆံလာချေးတာကတော့ မဖြစ်သင့်ဘူးလေ။မြေးက သူ့သမီးကို ယူမှာဆိုတော့... အဖိုး အနေနဲ့ အထွေးအထူးတော့ ပြောစရာမရှိပါဘူး။
ငွေလာချေးတဲ့ သူတို့လုပ်ရပ်ကို အဖိုး သိပ်သ ဘောမကျတာကို မြေးသိအောင် ပြောပြရုံပါပဲ "မိီလေး ဖခင်က ဒီမနက်မှာ သူ့လုပ်ငန်းတွေ အဆင်မပြေလို့ဆိုပြီး... အဖိုးဆီမှာ ငွေသိန်းခုနှစ်ထောင် လာချေးသွားသည်။ယောက္ခမလောင်း
အိမ်ကို လာချိန်က ရာ အဖိုး ကို ခွဲစိတ်ပေးမယ့်
ဆရာဝန်နဲ့ တွေ့နေတဲ့အချိန်ဖြစ်နေတာမို့.. မတွေ့
လိုက်ရတာပါ။အိမ်ပြန်ရောက်တာနဲ့ အဖိုး က သူ့
ကို တန်းပြိီးပြောပြနေချင်ပေ။သူလည်း ယောက္ခ
မနဲ့ အဖိုးကြားမှာ အဆင်ပြေတာမျိုးပဲဖြစ်စေချင်တာကြောင့်... စကားကို အဆင်ပြေလောက်တာလေးတွေကိုပဲ ရွေးပြီးပြောလိုက်သည်။" သူတို့ လုပ်ငန်းမှာ နည်းနည်းအခက်အခဲတွေ
ဖြစ်နေတယ်လို့ ကြားထားပါတယ်။အာ့ကြောင့်
မီလေး ကို ကျွန်တော် ကူညီပေးနိုင်တာ ရှိရင်ပြော
ဖို့ ပြောထားမိတယ်။ကျွန်တော် ပြောထားတဲ့ စကားကြောင့်ပဲ သူတို့ လာချေးတာ နေပါလိမ့်မယ်။နောက်ပြီး ချေးထားတဲ့ငွေကိုလည်း အလ ကား မဖြစ်ရလေအောင် ကျွန်တော် သေချာ ပြန်တောင်းပါ့မယ် အဖိုး "