🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (45)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ဟင်! မမှီ ပဲ "
နွေဦး အစ်ကိုလေး ခိုင်းထားတာတစ်ခု လုပ်ပြီး
အပြန်အလာ... ကုမ္ပဏီရှေ့မှာ ယောင်လည်လည်နဲ့ ရပ်နေတဲ့ မမှီ ကို တွေ့ရတာကြောင့်... ကားကို
စက်သက်ပြီး ဝမ်းသာအားရနဲ့ ဆင်းလိုက်သည်။
အစ်ကိုလေး က မမှီ ကို သတိရနေတာမလား။အခုလို မမှီကလာတော့ အစ်ကိုလေးအတွက်
ကောင်းတဲ့အရာပဲလေ။
" မမှီ အစ်ကိုလေးဆီ လာတာလား.. "
သူ့ကို မြင်တော့ ဝမ်းသာသွားတဲ့ မျက်နှာလေးနဲ့ ကြည့်လာတဲ့ မမှီ။
" ဦးရာ ရှိလား ဟင် "
" အစ်ကိုလေးတော့ မရှိဘူး မမှီ။ဧည့်သည်နဲ့
အပြင်သွားတယ်။စောနကတော့ ကျွန်တော့်ဆီ ဖုန်းဆက်ပြောလာတယ်။ကုမ္ပဏီကို ပြန်မလာတော့ဘူးတဲ့။အလုပ်ဆင်းချိန် ရောက်ရင် ကျွန်တော့်ကို ဆင်းလိုက်တော့တဲ့လေ "
ဦးရာ ကို ရှင်းပြချင်လို့... လာတာပေမယ့် မရှိဘူးဆိုတာကြောင့် မှီ ရင်ထဲ နွမ်းလျသွားရသည်။
" ဦးရာ အလုပ်တွေများနေတာလား ကိုနှေဥိီး "
" အစ်ကိုလေးလား... များတာပေါ့ မမှီ။အခုတလော ရေမွှေးထုတ်ကုန်သစ် ကိစ္စရော၊မဟန်ဟော
နဲ့အတူ လက်တွဲပြီး.. အသစ်တိုးချဲ့မယ့် ကုမ္ပဏီအလုပ်တွေကြောင့် သူ့အတွက် အားချိန်က သိပ်မရှိသလောက်ပဲ "
" ဟုတ်လား.. "
ဟန်ဟောဆိုတဲ့ နာမည်ကိုကြားမိတော့.... ဦးရာ ကို ရှင်းပြဖို့ လာတဲ့ မှီ။ဒီနေရာကနေ အမြန် လှည့်ပြန်ဖို့ တွေးလိုက်မိသည်။
ဘာကြောင့်ဆို ဦးရာ ပြောခဲ့ဖူးတယ်လေ။သူ
သဘောကျနေတဲ့ မိန်းကလေးရှိတယ်ဆိုတာ။အဲ့မိန်းကလေး က မဟန်ဟောကလွဲလို့... ဘယ်သူ များ ရှိအုံးမှာလဲ။
ကိုယ့်အတွက် နေရာမရှိတဲ့ လူဆီကို လာဖို့တွေးမိခဲ့တာကိုက မှီ ရူးမိုက်မိခဲ့တာ။နှလုံးသားက နာကျင်ရင်တောင်မှ မှီ ထပ်ပြီး မရူးမိုက်ချင်တော့ပါဘူး။
