ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (2)

6.4K 159 0
                                    

🍑ဖြူစင်သူ မင်းအတွက်🍑

                        အခန်း  (2)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" သူဌေး ပထမဆုစာရင်းဝင်တဲ့ ပြိုင်ပွဲဝင်က
နေရာမှာ လူလည်းမရှိဘူး။ ကုမ္ပဏီထဲမှာ
လည်းရှာပေမဲ့ ပြိုင်ပွဲဝင်ကိုမတွေ့ဘူးဖြစ်နေပါတယ်။ ဆုရစာရင်းကို ကျွန်တော်တို့ ထုတ်ပြန်ရတော့မှာ အဲ့တာ ဘယ်လိုဆက်လုပ်ရမလဲ ခင်ဗျ "

ဒီရာ အမှတ်ပေးဒိုင်အဖွဲ့မှာပါတဲ့ လက် ထောက်မန်နေဂျာက မေးလာသည့်အခါ... သူ အရမ်းသဘောကျနေမိတဲ့ ရေမွှေးဆီရနံ့ရဲ့ပိုင်ရှင် ပြိုင်ပွဲဝင်က နေရာမှာရှိမ​နေသလို.. ရှာလို့လဲ မတွေ့ဖြစ်နေတာကြောင့်..ပြိုင်ပွဲ၏ ထုံစံအတိုင်းဆက်လုပ်ဖို့သာ ဆုံးဖြတ်လိုက်ရသည်။

" ပြိုင်ပွဲဝင်က နေရာမှာ မရှိမနေဘူးဆိုမှတော့... ပြိုင်ပွဲရဲ့လုပ်နည်းအတိုင်းဆက်လုပ်လိုက်ပါ "

" ဟုတ်ကဲ့ သူဌေး။ဒါဆိုရင်တော့... ပထမဆု
ရတဲ့ ပြိုင်ပွဲဝင်ရဲ့ဆုနေရာကို ဒုတိယဆုရတဲ့
ပြိုင်ပွဲဝင်ကို အစားထိုးပေးလိုက်ပါမယ် သူဌေး "

" အဲ့လိုပဲ လုပ်လိုက်ပါ။ နွေဦး ငါ့ ရုံးအခန်းကို
ပြန်မယ် "

ဒီရာ သူသဘောကျမိတဲ့ ရေမွှေးဆီရနံ့ရဲ့ ပိုင်ရှင်က ပြိုင်ပွဲမှာရှိမနေတာကြောင့်... ပြိုင်ပွဲနေရာမှာ ဆက်နေချင်တဲ့ စိတ်မရှိတော့တာမို့... နွေဦး ကို ရုံးခန်းပြန်ရန်ပြောလိုက်သည်။

" ဟင်!.. သူဌေးက ဆုပေးပွဲအပြီးအထိ မနေတော့ဘူးလား ဗျ "

ရုံးခန်းပြန်ဖို့ပြောလိုက်ချိန် မေးလာတဲ့ မန်နေ
ဂျာကို....

" နည်းနည်းစိတ်ရှုပ်လာလို့ ... ခင်ဗျားပဲ အဆင်ပြေအောင် ကြည့်လုပ်လိုက်ပါ "

" ဟုတ်ကဲ့ သူဌေး။ ကျွန်တော် ဒီဘက်ကိုအဆင်ပြေအောင် လုပ်ထားလိုက်ပါမယ် "

" အင်း... "

.....@8@

" ဆရာမကြီးက ဘာဖြစ်တာတဲ့လဲ။ စိုးရိမ်ရ
လောက်တဲ့ အခြေအနေမျိုးလား ဆရာမ "

မှီ ဆရာမကြီးတက်နေတဲ့ ဆေးရုံအခန်းကို
ရောက်သွားတော့... ဆေးပိုက်တန်လန်းနှင့် မျက်လုံးတွေမှေးမှိတ်နေတဲ့ ဆရာမကြီးကို တစ်ချက်ကြည့်ပြီး... ဂေဟာကြီးကြပ်သူ ဆရာမကို ဆရာမကြီး အခြေအနေကိုမေးလိုက်ပါ၏။

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now