🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (34)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ကိုကြီးသော.. အယ် မှား မှားလို့ သူဌေး လို့ခေါ်ရမှာပေါ့နော် အခု က ဟီး "
ခေါ်နေကြအတိုင်း ကိုကြီးသော လို့ခေါ်ပြီးခါမှ ပါးစပ်ကို လက်ဖဝါးလေးနဲ့ပိတ်ကာ... သူဌေးလို့
ပြန်ပြောင်းခေါ်ပြီး ရယ်လိုက်တဲ့ မှီလေးကြောင့်.. မီတင်ခန်းကိုသွားဖို့ ထိုင်ခုံကနေ ထလိုက်တဲ့.. သော သဘောကျစွာနဲ့ ပြုံးမိ၏။အထက်အောက် အနီရဲရဲဝတ်စုံလေးနဲ့ နှင်းဆီနီတစ်ပွင့်လို လှပနေတဲ့ မှီလေး ကို သော တစ်ချက်ငေးစိုက်ကြည့်ပြီး...
" ကိုကြီးသော ပဲ ခေါ်ပါ။ကိုယ့်အတွက် မှီလေး
က ဝန်ထမ်းထက်ပိုတဲ့ အရင်းအနှီးဆုံးလူ။ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကို ပြောဆိုလို့ ရတယ် "ကိုကြီးသော က သဘောထားပြည့်ဝစွာ ပြောလာတော့... မှီးလည်း အပြုံးလေးနဲ့...
" ဒါဆို မှီ ကိုကြီးသော ကို တစ်ခု မေးချင်တယ် "
" အင်း မေးလေ "
" မီတင်ခန်းထဲရောက်ရင်လေ မှီ က ဘာတွေလုပ်ရမှာလဲ။ကိုကြီးသော အလုပ်နဲ့သက်ဆိုင်တာ
တော်တော်များများ မှီ မသိသေးဘူး "" မှီလေး ဘာမှလုပ်စရာမလိုဘူး။ကိုယ့်အနားက
ထိုင်ခုံတစ်လုံးမှာ ထိုင်နေပြီး.. ကိုယ်နဲ့ ဝန်ထမ်းတွေ ပြောတာကို နားထောင်နေရုံပဲ။ကိုယ့်လုပ်ငန်း အချက်အလက် အသေးစ်ိတ်ကို အတွင်းရေးမှူး
မဇင်မာ က လုပ်ပေးနေလို့... ကိုယ့်အတွက်
မှိီလေး လုပ်ပေးစရာ မလိုဘူး "" အာ့ဆို မှီက ဘာမှမလုပ်ဘဲနဲ့ ကိုကြီးသော ပေးတဲ့ လခကို အလကား ယူနေသလိုကြီးပေါ့ "
အလုပ်မခိုင်းဘဲ ထိုင်နေလို့ ပြောတာကို စူပုတ်ပုတ် မျက်နှာလေးနဲ့ သဘောမကျသလို ပြောလာတဲ့ မှီလေးကို အလုပ်ခန့်ရတဲ့... သဘောထားကို သေချာပြောပြရတော့သည်။
" ကိုယ် မှီလေး ကို အလုပ်ခန့်တယ်ဆိုတာ အလုပ်ခိုင်းဖို့ ရည်ရွယ်ပြီးတာ ခန့်တာ မဟုတ်ဘူး။ကိုယ်နဲ့ မှီလေးကြားမှာ ရင်းနှီးမှုရယူချင်လို့.. ကိုယ့်အနားမှာ မှီလေး ကို ခေါ်ထားတာ။အဲ့ဒါကြောင့်
လုပ်အားခကို အလကား ယူနေတယ်မတွေးနဲ့။
ကိုယ့်ဆီက လုပ်အားခကို ယူရတာ အားနာမိတယ်ဆိုရင် ကိုယ့်ကို အခုထက် ပိုပြီး ချစ်ပေး "