🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (6)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" မီ မေးနေတာ ဖြေအုံးလေ "
မီလေးရဲ့ နူးညံ့တဲ့ မျက်လုံးလေးအကြည့်လေးက သူ့အတွက် ထူးဆန်လွန်းနေတာမို့... ဘာပြောရမှန်း မသိ ဖြစ်နေစဥ်မှာပဲ ထပ်မေးလာတဲ့.. မီလေး
ရဲ့အမေးကြောင့် အပြုံးလွန့်လွန့်လေးနဲ့အတူ ပြန်ဖြေမိသည်က..." မီလေး မကြိုက်တာ အကုန်ပြင်လို့ ရတယ်။ကိုယ်တို့နေမယ့် အခန်းကိုတင်မဟုတ်ဘူး။တစ်
အိမ်လုံးကို မီလေး စိတ်ကြိုက် ပြင်လို့ရတယ်။
ဒီအိမ်က ကိုယ့်မိဘတွေ အိမ်ထောင်ဦးကတည်း က နေလာတဲ့ အိမ်။အခု ကိုယ်တို့က ဆက်နေမှာ။
အာ့ကြောင့် ယောက္ခမရဲ့အမွေကို မီလေးကထိမ်း
သိန်းတဲ့အနေနဲ့ ပြင်ဆင်ချင်တာရှိရင် ကြိုက်သ
လို ပြင်ဆင်လို့ရတယ်။ကိုယ့်ဆီက ခွင့်တောင်းစရာမလိုဘူး။အိမ်နဲ့ပတ်သက်တာရော ကိုယ်နဲ့ ပတ်သက်တာရော အကုန် မီလေး စိတ်တိုင်းကျ လုပ်လို့ရတယ်။ငွေလိုရင်လည်း လိုသလောက်
ကိုယ် ထုတ်ပေးမှာမလို့ မီလေး လုပ်ချင်တဲ့ အရာ
တိုင်းကို စိတ်ကြိုက်သာလုပ် "ဆိုတဲ့ သူ့စကားဆုံးတော့ မိီလေး က ကျေနပ်သွား
သည် ထင်ပါတယ်။အပြုံးလေးတစ်ပွင့် လှပတဲ့
နူတ်ခမ်းလေးထက်မှာ ဖြစ်ပေါ်လာလို့လေ။မှီ့ကို ဝှီးချဲပေါ် ကနေ ကြည့်နေတဲ့ ဦးဘုန်းမင်းဒီရာ
ကို ခပ်တည်တည်နဲ့ ကြည့်ပြီး..." မီ့ ဆန္ဒကို လိုက်လျောပေးလို့ ကျေးဇူး။တစ်ခန်း
လုံးကို အဖြူရောင် သုံးမယ် "" အဖြူရောင် ကို သုံးမှာလား.. မီလေး "
" ဟုတ်တယ် ဘာလဲ မရဘူးလို့ ပြောအုံးမလို့လား "
မျက်နှာလေး စူပုတ်ပုတ်နဲ့ ပြောလာတဲ့ မီလေး
ကြောင့် ရာ ပြုံးလိုက်ပြီး..." မရဘူး မပြောပါဘူးကွာ။ကိုယ်က မီလေး အမုန်းဆုံးဖြစ်တဲ့ အနက်ရောင်ကို သုံးချင်တယ်
ပြောခဲ့တုန်းကရော ငြင်းလို့လား။ကိုယ် လက်ခံ
ပေးတာပဲလေ "