🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (23)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ဘာကွ! "
" မီ့ကို စိတ်ဆိုးသလိုကြီးနဲ့ မအော်နဲ့ မကြိုက်ဘူး။ ဦးမင်း အဖိုး မီ့ကိုအလိုမကျ ဖြစ်နေတာကိုလဲ မကြိုက်ဘူး "
" ကိုယ့် အဖိုး က မီလေး ကို ဘာအလိုမကျတာ ရှိလို့လဲ။ကိုယ် မီလေးနဲ့ လက်ထပ်ဖို့ ခွင့်တောင်းတာလည်း ခွင့်ပြုပေးထားတယ်လေ။အဖိုး က
မီလေး ဘာတွေများ ငြူငြူစူစူ လုပ်နေလို့လား "အဖိုးကိုမကောင်းပြောလာတော့ တမင်လျော့ထားတဲ့ စိတ်ကပြန်တိုလာတော့သည်။
" ဦးမင်း အဖိုး မီ့ကို အိမ်ပြန်ခိုင်းနေတာက သူ့အနားမှာ မနေစေချင်လို့လေ။ပြီးတော့.. ဦးမင်း အဖိုးပုံစံက မီ့ကို သိပ်သဘောမကျတဲ့ပုံဘဲ။လက်ထပ်ခွင့်ပေးတာလည်း ဦးမင်း က သူခွင့်မ
ပြုမလဲ လက်ထပ်မယ်ပြောလို့ ခွင့်ပြုပေးတာမှန်း
မီ သိတယ်။ကိုယ့်အပေါ် မကြည်ဖြူတဲ့ လူအပေါ်
မှာ မိီ့ဘက်ကလည်း ပြန်ပြီကြည်ဖြူမပေးနိုင်ဘူး"မီလေး ပြောသလို အဖိုးက မီလေး ကို သဘောမကျတာတော့ မှန်ပါတယ်။ဒါမယ့် ရုပ်ဆိုးအကျည်
းတန်လှအောင်တော့.. မီလေးအပေါ်မှာ မကြည်မဖြူနဲ့ ငြူစူတာမျိုးတော့ မရှိပါဘူး။သူ့ဟာနဲ့သူ
လိုက်လျောညီထွေစွာနဲ့ ဆက်ဆံပေးနေတာ သူ အသိပါပဲ။အာ့ကြောင့် အဖိုးအပေါ်မှာ အထင်လွဲနေတဲ့ မီလေး ကို အဖိုးနဲ့ပတ်သက်ပြီး နားလည်အောင် ရှင်းပြဖို့ ကြိုးစားလိုက်သည်။" မီလေး ကို အဖိုး က ကြည်ဖြူလိုလားလို့ သူ့မြေးချွေးမအဖြစ် လက်ခံပေးထားပြီလေ။မိီလေး
စိတ်ထဲမှာ အဖိုး က မကြည်ဖြူ မလိုလားဘူးထင်နေမိရင် မီလေးဘက်က အဖိုးကြည်ဖြူလိုလား
လာအောင် ကြိုးစားလိုက်လေ။အဲ့ဒါဆိုရင် မီလေ
းနဲ့ အဖိုးကြားမှာ အဆင်မပြေစရာ မရှိတော့ဘူး
ပေါ့။ကိုယ့်ကို ချစ််တယ်ဆိုရင် အဖိုးနဲ့ အဆင်ပြေအောင် ကြိုးစားကြည့်ပါလား ဟင် "ချစ်ရသူရဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး စကားပြောတဲ့ လေသံကို အညင်သာဆုံးထား၍
ပြောကြည့်လိုက်သော်...