ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (4)

4.9K 120 0
                                    

🍑ဖြူစင်သူ မင်းအတွက်🍑

                      (or) အစားထိုးခံ သတို့သမီး 

                        အခန်း  (4)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ကိုကို တွေ့ပြီဆိုတာ ဘယ်မှာလဲ။သူ့ကို ခေါ်လာပြီလား "

အဲရစ် သူ့ ကွန်တိုတိုက်ခန်းကို မီ က ရောက်လာတာနဲ့ အမောတကောဖြင့် တန်းမေးတော့သည်။

အဲရစ် မီ မေးတာကို မဖြေသေးဘဲ ထိုင်ခုံမှာ အရင်ဝင်ထိုင်လိုက်သည်။

" ကိုကို မီ မေးနေတာ ဖြေအုံးလေ။အဲ့တစ်ယောက်ရောလို့.. "

အဲရစ် သူ့ဘေးမှာ ကပ်ထိုင်ပြိီး လည်ပင်းကို ဖက်ကာ မေးလာတဲ့.. မီ မျက်နှာလေးကို ဘေးတိုက်ကြည့်ပြီး...

" အဲ့တစ်ယောက်နေတဲ့ နေရာကို သေချာ သိပြီမို့ လို့.. စိတ်ကို မလောဘဲနဲ့ အေးအေးထား။ကိုကိုတို့
မှာ သေချာ စီစဥ်ရမှာတွေ ရှိသေးတယ် "

" လူကို တွေ့နေတာတောင်မှ ဘာကို သေချာ စီစဥ်ရအုံးမှာလဲ။နောက်နှစ်ရက် နေပြီးရင် မီ က ဟိုဒုက္ခိတကြီးကို လင်တော်ရတော့မှာ။ကိုကို က မီ့ကို အဲ့လူကြီးဆီကို ပေးချင်လို့လား။အေးအေး
ဆေးဆေး လုပ်နေတာ က "

အဲရစ် နူတ်ခမ်းလေး ဆူပြိီး ပြောလာတဲ့ ချစ်သူ
မီဲကြောင့် ပြုံးမိ၏။

" ကိုကို က ဘေဘီ့ကို အဲ့လူလက်ထဲ ပေးချင်တယ်လို့ ဘယ်သူပြောလဲ "

" အာ့ဆို ကိုကို က ဘာလို့ မလောနဲ့ စီစဥ်စရာတွေ
ရှိသေးတယ်လို့ ပြောလဲ "

" အဲ့ဒါက ကိုယ်တို့ဘက်က လူစားထိုးတာ ကိုဘုန်းမင်းဒီရာ မသိအောင်လို့ လုပ်ရမယ့် အရာ တွေ ရှိသေးတယ်။ပြီးတော့ လူစားထိုးမယ့် မိန်းကလေးကို ချက်ချင်းကြီးတော့.. လူစားထိုးလို့ မရသေးဘူးလေ။မီရဲ့ မူအကျင့်တွေကို သူ့ကို
သိအောင် ပြောပြရအုံးမယ်။ကိုဘုန်းမင်းဒီရာရဲ့
အကြောင်းတွေရောပဲ ပြောပြဖို့လိုတယ်။ပြီးတော့
သူကို ဒီတိုင်းကြီး လူစားထိုးမယ်ပြောပြီး ထိုးလို့
တော့ မရဘူး။သူ့ကို တစ်ခုခုနဲ့ ချုပ်ကိုင်ထားမှ
ဖြစ်မှာ "

" အဲ့ဒါတွေ လုပ်ဖို့နေရင်လည်း အခုလို ထိုင်မနေဘဲနဲ့ မြန်မြန် လုပ်ပါတော့လား "

ဖြူစင်သူမင်းအတွက် CompletedTempat cerita menjadi hidup. Temukan sekarang