🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (16)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" မီ သမီး ဘယ်သွားမလို့လဲ "
" အဲရစ်ဆီသွားမလို့ ဒယ်ဒီ "
" အဲရစ်ဆီလား.. မသွားခင် ဒယ်ဒီ သမီးနဲ့ စကား
ပြောချင်တယ်။ခဏလောက် ထိုင်ဦး "အပြင်သွားမယ့် မီ.. ဒယ်ဒီ က စကားပြောချင်တယ်ဆိုတာကြောင့် ဧည့်ခန်းက ထိုင်ခံမှာ ဝင်ထိုင်လိုက်သည်။
" ဘာပြောမလို့လဲ ဒယ်ဒီ "
" ဒယ်ဒီ့ အထည်စက်ရုံက အခု တော်တော်လေး
အရှုံးပေါ်နေတယ်။နောက်အဓိကလုပ်ငန်းကြီးဖြစ်တဲ့ နိုင်ငံခြားကိုရောင်းချနေတဲ့ တရားမဝင် သစ်အရောင်းအဝယ်ကလည်း မှောင်ခိုစျေးကွက်မှာ အဖမ်းအဆီးတွေများနေလို့ ပြီးခဲ့တဲ့လရော ဒီလရော သစ်တွေက မရောင်းရတဲ့အပြင်.. တောထဲကနေ ဆိပ်ကမ်းကိုတောင်မချနိုင်လို့.. ဒယ်ဒီ့ ငွေတွေလုပ်ငန်းထဲမှာ နစ်မြုပ်သွားတယ်။အထည်စက်ရုံဘက်ကလည်း ဝန်ထမ်းတွေ လစာတွေကပေးရမယ့်ရက်ကို ရောက်တော့မယ်။အဲ့ဒါ သမီးဒယ်ဒီ့ကို ငွေနည်းနည်းလောက်ကြံပေးစမ်းပါ။မှီ့ကို အသုံးချပြီးတော့ မင်းဒီရာဆီကနေ ဖြစ်ဖြစ်ပေါ့။ဒယ်ဒီ့မှာ ငွေကတော်တော်လေး အခက်အခဲဖြစ်နေတယ် "" အဖိုးမင်းဒီရာဆီမှာ ငွေချေးကြည့်ပါလား "
" အရင်ယူထားတာတောင် ပြန်မပေးနိုင်သေးတာ
ထပ်ယူလို့မဖြစ်ဘူး။နောက်ပြီး ဒယ်ဒီ့ရဲ့ သစ်လုပ် ငန်းက တရားမဝင်ဆိုတာ ဘုန်းမင်းဒီရာတို့မြေးဖိုးနှစ်ယောက်လုံး သိလို့မဖြစ်ဘူး။သစ်လုပ်ငန်းက အပြင်လူမသိအောင် သတိထားပြီး လုပ်ရမယ့် အလုပ်ပဲ။မဟုတ်ရင် ဒယ်ဒီ့တို့အတွက် အန္တရာယ်ရှိလာနိုင်တယ် "" ကျစ်!.. စောစောစီးစီး စိတ်ရှုပ်လိုက်တာ။မီ ကြံကြည့်လိုက်မယ် "
" သမီး အရမ်းလည်း စိတ်ညစ်မနေပါနဲ့။ မှီ့ကို တောင်းခိုင်းထားတဲ့ ရတနာတွေ ရလာရင် ဒယ်ဒီလိုတဲ့ငွေကို ဖြေရှင်းရတာက ပိုလွယ်သွားမှာပါ "