ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (3)

5.8K 130 0
                                    

🍑ဖြူစင်သူ မင်းအတွက်🍑

                        အခန်း  (3)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" တူတူ... တူတူ...တူတူ "

ကျစ်... အိပ်နေတာကို ဘယ်အရှုပ်ထုပ် က ဆက်နေတာလဲ။

မီ ကိုကို့ ရင်ခွင်ထဲမှာ အိပ်စက်နေချိန် ဘေးနားက စားပွဲပေါ်မှာတင်ထားတဲ့... ဖုန်းမှအသံ မြည်လာသည်။

မဖွင့်ချင်တဲ့ မျက်လုံးကို အတင်းပြူးကျယ်ဖွင့်၍ အသံမြည်နေတဲ့ ဖုန်းကို အိပ်ရာထက်ကနေ လက် လှမ်းယူ၍ ကိုင်လိုက်ရသည်။

" ဟယ်လို... "

" မီလေး အိပ်နေတုန်းလား... "

" အိပ်နေလား၊နိုးနေလား ဆိုတာ ဖုန်းပြောတဲ့
စကားသံကို နားတထာင်တာနဲ့ ဦးမင်း သိနေတယ် မဟုတ်လား "

မီ ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်လူက ဦးမင်း
ဖြစ်နေတာကြောင့် ပို၍ စိတ်တိုသွားရသည်။

" အဟင်း မီလေး က စောစောစီးစီး စိတ်တိုနေပါလား "

" သိနေရဲ့နဲ့ ဘာလို့မေးနေသေးတာလဲ။ဖုန်းဆက်တာ ပြောစရာရှိလို့ ဆက်တာမလား။ မြန်မြန်ပြော... "

ကိုယ်ဘက်က ချိုချိုသာသာ ပြောနေသလောက် မီလေးဘက်မှ မာမာတင်းတင်းဖြင့် ပြောနေတာမို့... ဒီရာ စကားဆက်ပြောဖို့ကနုပင် မပြောချင်တော့ သလောက်​ဖြစ်သွားရသည်။သို့သော်လည်း မပြောလို့လဲ မဖြစ်တာမို့ ကိုယ့်စိတ်ကိုသာ လျော့ချလိုက်ပြီး....

" တခြားတော့ မဟုတ်ပါဘူး။ည က မီလေး
ပြန်မလာလို့လေ။ကိုယ် ဖုန်းဆက်တော့လည်း မီလေး က ဖုန်းမကိုင်ဘူး။အဲ့ဒါကြောင့် စိတ်ပူပြီး၊ မနက်စောစော မီလေးဆီ ဖုန်းဆက်တာ။မင်္ဂလာပွဲရက်ကလည်း နှစ်ရက်ပဲကျန်တော့တယ်။အာ့ကြောင့် သတို့သမီးဝတ်စုံပုံစံကို မီလေး က စိတ် ကြိုက်ရွေးချင်တယ်လို့ ပြောထားလို့.. ဝတ်စုံရွေးပြီးပြီလားဆိုတာလည်း သိချင်လို့ဆက်တာ "

" အိပ်နေတဲ့ လူကို အအိပ်ပျက်အောင် ဖုန်းဆက်မေးရတဲ့ အကြောင်းတွေကလဲ.. အရမ်းအရေး ကြီးတဲ့ အရာတွေကျနေတာပဲ။မင်္ဂလာပွဲက အကျဥ်းချုံးမို့ ဝတ်စုံက မီ့ဘာသာ အဆင်ပြေရာ စီစဥ်လိုက်မယ်။ဦးမင်းဝတ်မယ့် သတို့သား ဝတ်စုံကိုသာ ကိုယ့်ဘာသာ စီစဥ်လိုက်။ ဪ.. ဝတ်စုံအရောင်က အနက်ရောင်နော် "

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora