🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (26)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ကိုယ် ဒီဝတ်စုံ မကြိုက်ဘူး။တခြားဟာ ပြောင်း
ပေး မီးငယ်လေး "" ဒါရော အဆင်ပြေတယ်မလား.. ဝတ်လိုက် "
" ဟင့်အင်း ကိုယ်မကြိုက်ဘူး။နောက်တစ်စုံ ပြော
င်းပေး "ကုမ္ပဏီသွားဖို့ အဝတ်စားလဲတာကို ဗီရိုထဲကနေ အဝတ်တစ်စုံပြီး တစ်စုံ ထုတ်ပေးနေတာ အခုထုတ်ပေးတဲ့ အစုံနဲ့ဆိုရင် ငါးစုံမြောက်ရှိနေပြီး...
ထုတ်ပေးသမျှကို မဝတ်ဘဲနဲ့ သဘောမကျဘူးဆို
ကာ.. ထပ်ပြီးထုတ်ခိုင်းနေတဲ့ ဦးရာ ကို မှီ ဒေါသ
ထွက်လာသည်။ထပ်ပြီးလည်း ထုတ်ပေးချင်တဲ့စိတ် မရှိတော့တာ
ကြောင့်... လက်ထဲက ထုတ်ထားပြီးသား အနက်ရောင်စတိုင်ပန်နဲ့ ရှပ်လက်ရှည်ကြက်သွေးရင့်ရောင်ကို ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ ဦးရာ ပေါင်ပေါ်ကို တင်ပေးလိုက်ပြီး...." မှီ ထုတ်ပေးသမျှ အဝတ်စားတွေကို မကြိုက်ရင် ဦးရာကိုယ်တိုင် ထုတ်ဝတ်လိုက်ပါ။အခုကစ
ပြီး မှီ ဦးရာရဲ့ ဝေယျဝစ္စတွေ လုပ်မပေးတော့ဘူး "အဝတ်စားတစ်စုံကို သူ့ပေါင်ပေါ် တင်ပေးပြီး...
မျက်နှာလေးကို ဆူပုတ်၍ ပြောလာတဲ့သူလေးကို
အပြုံးတစ်ပွင့်နဲ့ ကြည့်ပြီး..." ခြေထောက်မရပ်နိုင်တဲ့ ကိုယ့်ကို မိန်းမဖြစ်တဲ့ မိီးငယ်လေးကမှ ကိုယ့်ရဲ့ ဝေယျဝစ္စတွေ လုပ်မပေးရင် ဘယ်သူက ဘာလုပ်ပေးမှာလဲ။ကိုယ် တကယ် မီးငယ်လေးရဲ့အကူညီကို လိုအပ်တယ် "
" ဦးရာ မှီ့အကူညီကိုလိုအပ်ပေမယ့်... မှိီကတော့
ဦးရာ ကို မကူညီနိုင်ဘူး "" ကိုယ့်အပေါ် ရက်စက်နိုင်တယ်ပေါ့။ကိုယ့်ကို
နည်းနည်းလေးတောင် မသနားဘူးလားကွာ ဟင် "ရှေ့နားမှာ ရှိနေသူရဲ့ လက်ဖဝါးနှစ်ဖက်ကို သူ့လက်ဖဝါးနှစ်ဖက်နဲ့ ကိုင်ပြီး... သနားစဖွယ်မျက်နှာနဲ့ အသနားခံသလို ပြောလိုက်သည့်အခါ..