ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (20)

4.2K 96 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (20)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ဟင့်အင်း.. မှီ မတိုးဘူး။ဒီလို အိပ်ရတာ က မှီ့အတွက် အဆင်ပြေ! အို! အမေ့ရေ!.. "

နောက်ကျောကနေ ရုတ်တရက် ကုတင်အလည်ကို ဆွဲယူခံ လိုက်ရတာကြောင့်... ပြောနေတဲ့ စကားက တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားရသည်။

ရုတ်တရက် ဆန်လွန်းတဲ့ အပြုအမူအောက်မှာ
သတိလွတ်သွားသူလို ကြောင်အအလေး ဖြစ်နေချိန်မှာပဲ... မှီတစ်ကိုယ်လုံး ဦးရာရဲ့ ရင်ခွင်ထဲမှာ စုံစုံနစ်မြုပ်သွားလေသည်။

ရာ သူ့အနားကို ဆွဲယူလိုက်လို့ နောက်ကျောပေးအနေထားနဲ့ ရင်ခွင်ထဲရောက်လာသူက ငြိမ်သက် နေတာမို့... ဘေးတစောင်း မြင်နေရတဲ့ မျက်နှာလေးကို အပေါ်ကစီးမိုး ကြည့်လိုက်တော့... မျက်လုံးတွေကို ဖိမှိတ်ထားသည်။

သူ ဆွဲဖက်ပစ်လိုက်တာကြောင့် ခေါင်းနဲ့ ခေါင်းအုံ
းတခြားဆီဖြစ်နေတဲ့ သူ(မ)ရဲ့ခေါင်းလေးကို သူ့လက်မောင်းပေါ်ကို အသာမတင်ပြီး အိပ်စေ သည်။

ဘာလဲ အခု ငါက ရုတ်တရက် ဖြစ်သွားလို့ ကြော
င်အသွားပြီး... ဘာမှ မပြောနိုင်ဖြစ်နေတာနဲ့ လူ
ကို သူ့ရင်ခွင်ထဲ တစ်ညလုံး ထည့်ထားတော့မလို့လား။

ဒါက ဘယ်လို အခြေအနေကြီးလဲ။အား! မဟုတ်မှ အခု ငါ့ ငါ့ကို အသားယူဖို့ ကြိုးစားနေတာလာ
း။ဖက်ထားတဲ့ သူ့လက်ကို လွှတ်ပေးအောင်
ဘယ်လိုလုပ်ရမလဲ။မနေ့ကတော့ ဗိုက်ကသေမတက် အောင့်နေတော့.. သူ့အပြုအမူကို သိပ်ပြီး
ခေါင်းထဲမရောက်ခဲ့။အခုကတော့ ဒီလို အခြေအ နေမျိုးနဲ့ မနေနိုင်ပေ။ကိုယ်က မီမဟုတ်တာကို မသိခင်တုန်းကတော့ နေရတာ တမျိုးပေါ့။အခုက
ကိုယ်က အတုဆိုတာ သူသိပြီးပြီမို့.. ဘယ်လိုမှ
မနေတက်တော့။

စဥ်းစားစမ်း ငါအခု အနေအထားကနေ လွတ်မြောက်အောင် ဘယ်လို လုပ်ရမလဲ။သူ့လက်ကို အတင်းဆွဲဖယ်ပစ်ပြန်ရင်လည်း သူက အကြမ်းပတမ်း ပြန်လုပ်ရင် ခံရမယ့်သူက ကိုယ်။

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now