ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (47)

5.5K 107 3
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (47)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ကြီးမေ ဘာတွေချက်မှာလဲ နေ့လည်စာကို "

မှီ အပေါ်ကိုမတက်ချင်သေးတာကြောင့်...
မီးဖိုရှေ့မှာ ချက်ပြုတ်နေတဲ့ ကြီးမေအနားက်ို
သွားပြီး ကူပေးစရာရှိရင် ကူပေးဖို့ မေးလိုက်သည်။ထိုအခါ ကြီးမေ က ဘေးမှာ ရပ်နေတဲ့ မှီ့ဘက်ကိုလှည့်လာပြီး...

" နေ့လည်စာကို ဝက်သားအိုးကပ်လေးရယ်၊
မကျည်းရွက်နဲ့ ပဒက်စာကိုအရည်သောက်ချက်မယ်။နောက်တစ်ခုက ငါးဘက်ကို အရိုးဖယ်ပြီး
ငရုတ်သီးစိမ်း၊ပင်စိမ်းရွက်တို့နဲ့ ငါးမွှေးချက် ချက်မယ်။ထမင်းမြိန်အောင် ငရုတ်ခြောက်တောင်ကို ရခိုင်ထောင်း ခပ်စပ်စပ်လေး ထောင်းမယ်။ထမင်
းစားပြီး အချိုတည်းဖို့အတွက်တော့.. ပေါ်ဦးပေါ်စ စိန်တစ်လုံး သရက်သီးမှည့်လေး စျေးကနေ ဝယ်လာခဲ့တယ်။ဟင်းတွေကတော့ ကြီးမေ ချက်ပြီးသလောက်ဖြစ်နေပြီ မီလေ! အယ်မှားလို့ မှီလေး "

မှီ နာမည်မှားခေါ်မိတဲ့ ကြီးမေ ကို ပြုံးပြပြီး...

" ဦးရာ က အိမ်မှာ ပြန်စားမှာလား ကြီးမေ "

" မစားဘူးကွယ့်။ညစာဆိုလည်း မှီလေး မရှိတဲ့ နှစ်ရက်လုံး အပြင်မှာပဲ စားတာ။ညကဆိုလည်း
မူးလာတယ်လေ။အိပ်ခန်းထဲကို မောင်နွေးဦး က
တွဲပို့ပေးရတဲ့ အထိပဲ။မေးစေ့မလဲ မုတ်ဆိတ်တွေနဲ့ တွေ့တယ်မလား။မှီလေးမရှိတာနဲ့ ဖြစ်သလို
နေနေတော့တာ "

" အဟင်း "

မှီ ကြီးမေ အပြောကြောင့် ရယ်မိပါ၏။

ကြီးမေ ပြောတာ၊တကယ်လည်း ဟုတ်ပါသည်။
ဦးရာ မေးစေ့တဝိုက်မှာ မွေးညှင်းစိမ်းတွေ ထွက်နေတာမှ အများကြီး။မှီ က တမင်အရှည်ထားထားတာ ထင်ပြီး မနက်က မပြောတာ။အခုမှ သိရတော့ ပေတေနေတာတဲ့။

ချစ်နေတာကို ဖွင့်မပြောဘဲ ကြိတ်မှိတ်သည်းခံနေတဲ့ လူကြီးကို မှီ နားမလည်တော့။ဘယ်လောက်ထိ မြိုသိပ်ထားဖို့ တွေးထားသည်မသိတဲ့ လူကြီးရဲ့ အုံ့ပုန်းအချစ်တွေကို ပွင့်အံကျလာဖို့.. မှီတော်
တော်လေး ကြိုးစားရမယ့် အခြေအနေမှာ ရှိနေသည်။

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora