ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (30)

3.9K 99 3
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (30)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" မှီ က ဘာတဲ့လဲ သမီး "

" သူလာပေးမယ်တဲ့ "

" လာပေးမယ်ဆိုတာ ရတနာပစ္စည်းတွေကိုပဲ
ပြောတာလား။ရှယ်ယာတွေရော ပါမယ်တဲ့လား "

" ဘာတွေယူလာမယ်ဆိုတာ မီ့ကို ဘာတစ်ခုမှ မပြောဘူး။ခဏနေရင် သူလာပေးမယ်လို့ပဲ ပြောတယ်။သေချာသိချင်ရင် ဒယ်ဒီဘာသာ ဖုန်းဆက်ပြီး မေးကြည့်တော့.. "

" သူလာမယ်ဆိုမှတော့.. ဖုန်းမဆက်တော့ဘူး။
ဒယ်ဒီလိုတာက မှီလာတာကို လိုတာမဟုတ်ဘူး။
ဘုန်းမင်းဒီရာဆီက မှီ့ကို ယူခိုင်းထားတဲ့အရာတွေကိုပဲ လိုတာ။ဒယ်ဒီ့အလုပ်တွေက ငွေတော်
တော်လေး လိုနေပြီ "

" အဲ့ဒါကြောင့်ပဲ မှီ့ကို ယူလို့ရသမျှ ယူခိုင်းထားတာပဲ။မှီလာလို့ ဘာတွေပဲ ပါလာလာ ဒယ်ဒီ့အလုပ်ထဲချည်း ထည့်ဖို့တော့ မလုပ်နဲ့နော်။မီ သုံး
စရာတွေရှိတယ် "

" သမီး က ဒီတိုင်း သုံးဖြုန်းတာလေ။ဒယ်ဒီ က
တစ်မိသားစုလုံးအတွက် လုပ်နေတာ။အဲ့တော့ ရလာတဲ့ ဟာတွေကို အမြဲ သုံးပုံးမယ်။ပြီးရင် သမီး
က တစ်ပုံယူ။ဒယ်ဒီက နှစ်ပုံယူမယ် "

" အဲ့လို့တော့ ရမလား။ဦးမင်း ကို အပိုင်ချုပ်ကိုင်
ပြီး အခုလို လိုချင်တာကို ယူလို့ရအောင် လုပ်ခဲ့တာက မီပါ။မီ ကြိုးစားထားတာတွေကို ဒယ်ဒီ က လက်ဝါးကြီးအုပ်သလို လုပ်မှာကိုတော့.. မီ လုံးဝ
လက်မခံနိုင်ဘူး။ရလာမယ့်အရာတွေကို ဒယ်ဒီတစ်ယောက်တည်း အများကြီးယူမယ်ဆိုရင် မီနဲ့ ဒယ်ဒီ ပူးပေါင်းထားတာကို ရပ်တန့်ရလိမ့်မယ် "

သမီးဆီက ခြိမ်းခြောက်စကားကြောင့် ဦးမင်လွင်
သူ့လောဘကို အရင်ဆုံး တဆင့်လျော့ချရမယ်ဆိုတာကို သိလိုက်သည်။အသုံးဖြုန်းကြီးတဲ့ သမီးက ငွေနဲ့ပတ်သက်ရင် သူ့လိုပဲ အလိုလောဘ ကြီးတာမို့.. သူ့ဘက်က အလျော့မပေးရင်း သား
ဖတွေကြားမှာ ပြဿနာဖြစ်လာနိုင်သည်။

" သမီး က ဒယ်ဒီ့ကို အများကြီး မပေးနိုင်ဘူးဆိုလည်း... သမီးပေးသလောက်ပဲ ဒယ်ဒီ ယူရမှာပေါ့။ဒါမယ့် လုပ်ငန်းအတွက်တော့ လောက်ငှအောင်တော့ ဒယ်ဒီ့ကို ပေးရမယ် သမီး "

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now