ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (10)

4.5K 124 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (10)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" နိုင်ငံခြားမှာ ထပ်ဖွင့်မယ် ရှော့ပင်စင်တာ နှစ်ခု
မှာ မင်ဒီရာ က ထုတ်တဲ့ ရေမွှေးတွေကို တင်ရောင်းမှာပါ။နိုင်ငံခြားထုတ် တခြားရေမွှေး ဘရမ်းတွေရောပေါ့နော်။ဒါမယ့် မင်ဒီရာ ထုတ်ကုန်
တွေထဲမှာ ကျွန်တော် လိုချင်နေတဲ့.. အနံ့မရှိတာကို စိတ်ထဲဘဝင်မကျလို့.. ကိုဘုန်းမင်းဒီရာ ကို
ကိုယ်တိုင် လာတွေရတာပါ "

" ကိုမြတ်သောသူ က ဘယ်လိုအနံ့ကို ကြိုက်တာ
လဲ။ရှော့ပင်စင်တာမှာရော ဘယ်အနံ့ကို ဦးစားပေးပြီး ရောင်းချချင်တာလဲဆိုတာ.. ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါလား "

" ဟုတ်ကဲ့ ကျွန်တော် လိုချင်တဲ့အနံ့ကလေ စိတ်ပင်ပန်းနေတဲ့ လူတစ်ယောက်ကို ချက်ချင်း လန်း
ဆန်းသွားစေမယ့်အနံ့မျိုးပေါ့။ကျွန်တော်အလိုချင်ဆုံးအနံ့ကတော့.. သစ်တောရနံ့လေးပါ။သူ့ကိုမွှေးကြည့်လိုက်တာနဲ့ ကိုယ်တိုင် တောအလည်ကို
ရောက်သွားသလို ခံစားရစေတဲ့ ရနံ့မျိုးပေါ့။သစ် တောရနံ့က ကိုဘုန်းမင်းဒီရာတို့ ကုမ္ပဏီထုတ် ရေ
မွှေးတွေထဲမှာ မရှိသေးတဲ့ ရနံ့ပါ။နောက်ပြီး အသီ
းရနံ့လည်း လိုချင်သေးတယ်။မွှေးကြည့်လိုက်
တာနဲ့ လက်လက်ဆက်ဆက် သစ်သီလေးတစ်လုံ
းက ကိုယ်ရှေ့ကိုရောက်လာသလို ခံစားရစေတဲ့ ရနံ့မျိုးပါ။ထုတ်နေကျ ပန်းရနံ့တွေနဲ့ မတူဘဲ တမူ
ထူးခြားတဲ့ ရနံ့လေးတွေကို လိုချင်တယ်။ကျွန်တော့် ရှော့ပင်စင်တာမှာ... နိုင်ငံခြားဖြစ်ထက် မြန်မာနိုင်ငံ ထုတ်ကုန်တွေကိုပဲ ဦးစားပေးဖြန့်ဖြူး
ချင်တာ။ကိုယ့်နိုင်ငံက ပစ္စည်းတွေကို နိုင်ငံခြားအထိထိုးဖောက်နိုင်အောင် ကျွန်တော်က ဖြန့်ဖြူး
ရောင်းချမှာ။အဲ့ဒါကြောင့် ကိုဘုန်းမင်းဒီရာအနေနဲ့ ကျွန်တော် လိုချင်တဲ့ ရေမွှေးနံ့ကို ထုတ်လုပ်ပေး
နိုင်မလား။အဲ့အဖြေကို ကျွန်တော် သိချင်တယ် "

" အင်း.. ထုတ်ပေးနိုင်ပါတယ်။ဒါပေမယ့် နည်းနည်းတော့ ကြာလိမ့်မယ်။တခြားတော့ မဟုတ်ဘူး။ ကိုမြတ်သောသူ ပြောတဲ့ အနံ့က ထူးထူး ခြားခြားဖြစ်တဲ့ အနံ့မျိုးဆိုတော့... ကုန်ကြမ်းရှာရမယ်။အဲ့ရနံ့ကို သေချာထုတ်နိုင်တဲ့ ဝန်ထမ်းကိုလည် ရှာရမယ်။ကုမ္ပဏီက ထုတ်ထားတဲ့ ရေမွေးတွေက များသောအားဖြင့်.. ပန်းရနံ့တွေကိုပဲ ဦးစားပေးပြီး ထုတ်ထားဆိုတော့လေ။ ကျွန်တော့်အနေနဲ့လည်း အခုတစ်ခါ ထပ်ထုတ်မယ့်... ရေမွှေးရနံ့ကို ခင်ဗျား လိုချင်နေတဲ့ ရနံ့မျိုးကို ဦးစားပေးထုတ်မယ် "

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now