🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (32)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ရှန်ဂရီလာရောက်တော့ မှီ အရမ်းကို အံ့သြသွားရသည်။ဘာကြောင့်ဆို အခန်းအကျယ်ကြီးကို နှစ်
ယောက်တည်းအတွက် သီးသန့်ငှားထားပြီး၊ထိုအ
ခန်းထဲမှာ ညစာ စားဖို့ ပြင်ဆင်ထားတာတဲ့လေ။အခန်းကို ပြင်ဆင်ထားတာကလည်း မသိရင်
မင်္ဂလာညစာစားပွဲ ပြင်ထားသလား ထင်မှတ်ရတယ်။တစ်ခန်းလုံးကို ထိုင်ခုံကစ အဖြူရောင်သုံးပြီး
တစ်ခန်းလုံး အပြည့်အလှထိုးထားတဲ့ သဲပန်းတွေကအစ အဖြူရောင်လေးတွေဖြစ်သည်။မှီကလည်း အဖြူရောင်ဝတ်ထားတာမို့ ပန်းလေးတွေနဲ့ တစ်ရောင်တည်းဖြစ်နေ၏။ဦးရာကသာ
ရှပ်အင်္ကျီရော ဘောင်းဘီရော အနက်ဝတ်ထားတာ။ထိုအခန်းထဲရှိ စားပွဲမှာ ထိုင်တော့... ဝိုင်နဲ့ အငွေ့တထောင်းထောင်းထနေတဲ့ စတိ (အသားကင်) ပန်းကန်တို့က ဦးရာ ပြောသလို မှီ ရောက်တာနဲ့ စားလို့ရနေပြီ။
မှီ ထိုင်ပြီးတာနဲ့ အဖြူရောင် စားပွဲပေါ်မှာ အသင့်ရှိနေတဲ့ အသားကို စားဖို့ပြင်တော့သည်။လူက ဗိုက်ဆာနေတာထက် အိမ်ပြန်ချင်နေတာကြောင့် အစားကို မြန်မြန် ကုန်စေချင်တာ။
" အာ့! ပူလိုက်တာ! "
အမြန်ကုန်ချင်ဇောနဲ့ ကင်ထားတာ မကြာသေးတဲ့ အသားကို စားဖို့လုပ်လိုက်တာ လျှာထိပ်ပူသွားပြီး.. စားဖို့လုပ်တဲ့ အသားကင်ပါ ပြန်ထွက်ကျသည်။
" ပူတယ်သေးတယ်လေ မီးငယ်လေ။ရော့.. ဝိုင်
သောက်လိုက် အသားမစားသေးနဲ့အုံး "ဦးရာ က မှီရှေ့ ရေခဲစိမ်လို့ အေးနေတဲ့ ဝိုင်တစ်ခွက် ချပေးပြီး... သူ့ရှေ့က အသားကင်ကို အတုံးသေးသေးလေးတွေ လှီးဖြတ်နေသည်။
မှီ ဦးရာ လုပ်နေတာကို ကြည့်ရင်း...
ငါလည်း အဲ့လိုလေ 'လှီးစားလိုက်ရမှာ' အခုတော့
ဦးရာရှေ့မှာ အရှက်လည်းကွဲ လျှာလည်းကျက်
လို့ ညီးညူလိုက်သည်။