ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (19)

4.8K 126 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (19)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ငါ ဦးမင်းဆီကနေ လိုချင်တာ ထပ်ရှိသေးတယ်။အဲ့ဒါပါ ထပ်ယူပေးရမယ် "

" ဘာ! "

မီရဲ့ မဆုံးနိုင်တဲ့ စေခိုင်းမှုက မှီ့ကို ဒေါသထွက်လာအောင် ပြုလုပ်နေသလိုပင်။

မီ့စကားကြောင့် မျက်လုံးပင့်ကြည့်လာတဲ့ မှီ့မျက်
ဝန်းတွေကို တည့်တည့်စူးစိုက်ကြည့်ပြီး...

" ဦးမင်းဆီကနေ ရတနာတွေအပြင် ဦးမင်းနာမည်နဲ့ပိုင်ဆိုင်ထားတဲ့ အရာတွေ အားလုံးကို ငါ့နာမည်နဲ့ လိုချင်တယ်။နင်က ငါလိုချင်တာတွေကို
ယူပေးရမယ် မှီ "

မှီ မီ့ရဲ့စေခိုင်းမှုကို တွေးဝေတုံ့ဆိုင်းချင်းမရှိဘဲ
ချက်ချင်း ပြန်ဖြေလိုက်သည်။

" ငါ မလုပ်နိုင်ဘူး မီ "

မှီ့အဖြေက မီ့ကို တော်တော်လေး ဒေါသထွက်စေ
ပါသည်။မီ လေသံမာမာနဲ့ ​ဖြေလာသူ၏ ပခုံးနှစ်ဖက်ကို ခပ်ပြင်းပြင်းအားနဲ့ ထပ်ပြီး ဖိညှစ်ဆုပ် ကိုင်ပစ်ရင်း...

" ပြောစမ်းပါ နင်က ဘာအားကိုးရှိနေလို့.. ငါပြော
သမျှကို ငြင်းဆန်ချင်နေရတာလဲ ကောင်မစုတ်ရဲ့"

" အ! အား! "

ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ယမ်းခံလိုက်ရတာက အားပါတာကြောင့်... မှီအသံထွက်၍ပင် အော်
ငြီးမိသည်။

မီ မျက်လုံးမှိတ်ပြီး ငြိီးနေသူရဲ့ ပခုံးကို ထပ်ပြီး
အားထည့်၍ ညှစ်ရင်း...

" ငါမေးနေတာကို ဖြေလေ! နင့်မှာ ဘာအားကိုးရှိ
လို့လဲ! "

မှီ ပခုံးက အားနဲ့အပြင် ဒေါသစိတ်နဲ့ပါပေါင်းပြီး
ဖိညှစ်ခံနေရတာမို့... လှုပ်မရပြုမရကြားကနေ အံကြိတ်ပြီး ခံနေရရင်းက... မီ မေးတာကို ဖြေရ
သည်။

" ငါမလုပ်နိုင်ဘူး။ငါက သာမန်မိန်းကလေးတစ်
ယောက်။နင်လိုချင်တဲ့အရာတွေက သိပ်ကိုတန်
ကြေးမြင့်လွန်းတဲ့အရာတွေ။အဲ့လိုအရာတွေက
ငါ့အနေနဲ့ နင့်ကို ယူပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။အရမ်းတွေလိုချင်နေရင် နင့်ဟာနင် ယူ! "

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now