ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (13)

6.7K 140 0
                                        

         🍑ဖြူစင်သူ မင်းအတွက်

                      (or) အစားထိုးခံ သတို့သမီး🍑

                        အခန်း  (13)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" မ မီပါ အာ့!.. "

အားနဲ့အဖျစ်ခံထားရတဲ့ မေဖျားက နာလွန်းတာ
ကြောင့်.. မှီ့စကားသံတွေက အထစ်ထစ်အငေါ့ငေါ့နဲ့ ထွက်လာသည်။ရီဝေဝေနဲ့ မူးနေတဲ့ အမူး
သည်လည်း ဘယ်ကိုပြေးသွားမှန်းပင်မသိတော့
ဘဲ။ကြောက်လန့်နေမိတာသာ သိတော့သည်။

" မင်း က မီ မဟုတ်ဘူးဆိုတာ ငါ သိနေတာတော င်မှ မင်းကိုယ်မင်း မီအဖြစ်နဲ့ဆက်ပြီး ဟန်ဆောင်
လိမ်ညာနေဦးမယ်ပေါ့။ငါ ထင်ထားတာ မင်း က
ဖြူစင်တဲ့ မိန်းကလေးလို့.. ဒါမယ့် အခု မင်းရဲ့အ
ဖြေကြောင့် ငါ့အထင်က မှားသွားပြီဆိုတာ သိလိုက်ပြီ။မင်းက တကယ့်ကို မိုက်မဲတဲ့ မိန်းကလေ
းပဲ "

မှီ ဦးရာရဲ့စကားတွေကြောင့် စောနက 'မီ'လို့ဖြေလိုက်မိတာကို မှားသွားပြီးဆိုတာ သိလိုက်သည်။သို့သော်လည်း မှီအနေနဲ့ ပြန်ပြင်ဖို့..အချိန်က နောက်ကျသွားပြီလေ။

နောက်ပြီး ဦးရာ က မှီ့ ကို မိုက်မဲတဲ့ မိန်းကလေးတဲ့။

မှီလည်း မမိုက်မဲချင်ပါဘူး။ဒါမယ့် မိုက်မဲမှ ရမှာမို့ ဦးရာ ကို လိမ်ညာဖြေလိုက်တာပါ။လိမ်ညာပြီး
ဖြေမိတာကိုလည်း နောင်တရပါ၏။

ရာ ထိတ်လန့်ကြောက်ရွံမှုတွေ ပြည့်နေတဲ့အပြင်
အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့အား မော့ကြည့်နေသူရဲ့.. မေးဖျားမှာ ဖျစ်ညှစ်ထားတဲ့
လက်ကိုဖယ်ပေးလိုက်ပြီး...

" ငါ မင်းကိုထိခိုက်နာကျင်အောင် မလုပ်ချင်ဘူး။
အဲ့ဒါကြောင့် ငါ့အနေနဲ့ အခုချိန်မှာ မင်းလုပ်ရပ်ကို ခွင့်လွှတ်ပေးနိုင်သေးတာမို့... မင်းဘက်ကနေ
အမှန်တိုင်း ဖွင့်ပြောစေချင်တယ်။ငါ့ဇနီး မီရဲ့နေ ရာမှာ အစားဝင်နေရတဲ့ အကြောင်းရင်း အမှန်ကို
ပေါ့ "

" ....................... "

ရာ နူတ်ဆိတ်နေနေသူရဲ့မျက်ဝန်းတွေနဲ့ အကြည့်စုံလိုက်ပြီး...

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora