ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (17)

4.5K 127 4
                                    

        🍑ဖြူစင်သူ မင်းအတွက်

                      (or) အစားထိုးခံ သတို့သမီး🍑

                        အခန်း  (17)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" အပြင်မသွားရဘူး ပြောထားတာကို အပြင်သွား တယ်ပေါ့။ကိုယ့်စကားကို နားမထောင်တာလား မီးငယ်လေး "

စိတ်ပျက်ခြင်းနဲ့ လေးကန်တဲ့ ခြေလှမ်းတွေနှင့် အိမ်ထဲဝင်လာတော့... အရင်ပြန်ရောက်နှင့်နေပြီး
ဧည့်ခန်းမှာ ထိုင်နေတဲ့... ဦးရာ က မျက်နှာတည်တည်နဲ့ ဆူသလို ပြောသည်။

မှီ ဦးရာ ကို စကားပြန်ပြောရမယ်ဆိုတာကို သိပါတယ်။သို့သော်လည်း စကားအရှင်းပြောချင်တဲ့စိတ်မရှိတာကြောင့်.. အပေါ်ကိုတက်ဖို့ လှေကားဆီကိုသာ တန်းလျှောက်သွားလိုက်မိတယ်။

" မီးငယ်လေး ကိုယ်စကားပြောနေတယ်လေ။ဘာလို့ ကိုယ့်ကို စကားပြန်မပြောတာလဲ "

မှီ စကားပြန်မပြောမချင်း နောင်ကနေ တပူပူပြောနေမယ့် ဦးရာကြောင့် နောက်ကိုပြန်လှည့်လိုက်ပြီး...

" အိမ်ထဲမှာ မနေချင်လို့ အပြင်သွားတာ။အဲ့ဒါဆို
ရပြီမလား "

ရာ အောက်ထပ်မှာ အိမ်ဝန်ထမ်းရှိနေတာကို...
သူ့အား စကားကိုတိုပြတ်ပြတ်ပြောပြီး..မလေးမစားပုံစံနဲ့ အပေါ်ကိုတက်ဖို့ လုပ်နေတဲ့.. မှီ့ကို အတော်လေး စိတ်တိုသွားမိတဲ့ ရာ။ရှုးရှူးရှဲရှဲထွက် နေတဲ့ ဒေါသတွေနဲ့....

" အပေါ်ကိုတက်မယ့် မင်း ခြေလှမ်းတွေကိုရပ်ပြီး
ကိုယ့်ဆီ ပြန်လာခဲ့စမ်း မီးငယ်လေး "

အငြင်းခံရလို့ အိမ်ပြန်လာတဲ့ လမ်းတလျှောက်
စိတ်က အထိမခံဖြစ်နေတာ။အဲ့ဒါကို ဦးရာ အမိန့်
ပေးလာတော့.. အထိမခံစိတ်က ဒေါသူပုန်ထပြီပေါ့။

မှီ လှေကားထိပ်နားကနေ ဦးရာ ထိုင်နေတဲ့ အနား ကို ဒေါသဖုံးလွှမ်းနေတဲ့ မျက်ဝန်းလေးတွေနဲ့ လျှောက်သွားလိုက်ပြီး...

" အပြင်လေးသွားမိတာက ဘယ်လောက်တောင် အပြစ်တွေ ကြီးမားသွားလို့.. လူကို အပြစ်သားလို အမိန့်စကားတွေ ပြောဆိုနေရတာလဲ "

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now