ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (9)

4.9K 123 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (9)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

ရာတို့ Wedding dress shop ကို ရောက်တော့...
သူနဲ့မီလေး ရှေ့မှာထိုင်နေတဲ့ ဆိုင်တာဝန်ခံက ခေါင်းကိုငုံ့ပြီး သက်ပြင်းကိုသာချနေတာမို့...

" မသန္တာ မျက်နှာလည်း မကောင်းပါလား။ဘာကိစ္စရှိလို့လဲ။ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ "

သူ ထို့သို့ ပြောတော့မှ တာဝန်ခံအမျိုးသမီး က
ခေါင်းမော့လာပြီး..အားနာမျက်ဝန်းတွေနဲ့ မီလေး
ကို ကြည့်ကာ...

" ညီမလေး အင်္ကျီကလေ အစက အနက်ရောင်လို့
ပြောတော့.. အစ်မတို့ကလည်း အနက်ရောင်နဲ့ ချု
ပ်ခဲ့ကြတယ်။မနေ့က ပြန်ပြီးတော့.. အဖြူရောင် ဆိုပြီး အရောင်ပြောင်းတော့လေ အစ်မတို့ အတွ က်ချုပ်ဖို့က ဘယ်လိုမှ အချိန်မမှီဘူးဖြစ်နေတယ် ။အာ့ကြောင့်လေ ညီမလေးအနေနဲ့ အစ်မတို့ ဆိုင် မှာလေ သေချာအချိန်ယူချုပ်ထားတဲ့ Wedding dress တွေထဲကနေ ရွေးယူပေးလို့ရမလား ဟင်။အခုလိုပြောရတာ တကယ့်ကို အားနာပြီး မျက်နှာလည်း ပူပါတယ်။အစ်မတို့အတွက် အချိန်က တကယ်ကို မလောက်လို့ပါ။အချိန်မမှီတာကိုလည်း ချက်ချင်း မပြောမိလို့ တောင်းပန်ပါတယ်
။အဲ့ဒါကြောင့် ညီမလေး အစ်မ ကို ကြိုက်သလို
ပြောလို့ရပါတယ်။ဆိုင်ရဲ့ဝန်ထမ်းတွေ အားလုံးရဲ့
ကိုယ်စားပါ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အစ်မ ခံယူပါ့မယ် "

မှီ့အား ထိုင်ရှိခိုးတော့မတက် ခေါင်းကိုငုံ့ပြီး လက်
ဖက်နှစ်ဖက်ကို ပူးကပ်ဆုပ်ပြီး... တုန်ယင်နေတဲ့ အသံနဲ့ တောင်းပန်စကား ပြောနေတဲ့..ဆိုင်တာဝန်
ခံ အစ်မ ကို အပြုံးလေးနဲ့ကြည့်လိုက်ပြီး...

" မီ့ကို တောင်းပန်ဖို့ မလိုပါဘူး ရှင့်။တကယ်ဆိုရင် မီကသာ အစ်မတို့ကို တောင်းပန်ရမှာပါ။အ
ချိန်ကပ်ပြီးတော့ အရောင်ပြောင်းမိတာလေ။အာ့
ကြောင့် အားနာတာမျိုးတွေ စိတ်ထဲထည့်မနေပါနဲ့။မီ Wedding dress ကို အစ်မတို့ ဆိုင်မှာ ရှိတာ
ကိုပဲ ရွေးယူလိုက်ပါမယ် "

ဖြူစင်သူမင်းအတွက် CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ