ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (14)

4.5K 131 1
                                    

      🍑ဖြူစင်သူ မင်းအတွက်

                      (or) အစားထိုးခံ သတို့သမီး🍑

                        အခန်း  (14)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ဟင်! အို!.. ဘုရား ကယ်တော်မူပါ "

မှီ ရေချိုးခန်းထဲ ဝင်သွားတော့.. ဦးရာ က ရေအ
ပြည့်ဖြည့်ထားတဲ့ ကြွေရေစိမ်ကန်ကြီးထဲက ရေ
အောက်မှာ တစ်ကိုယ်လုံးကို နစ်မြုပ်လို့နေသည်။
နူတ်မှလည်း အာမေဋိတ်သံတို့က တီးတိုးလေး ထွက်လာသည်။

မှီ ဦးရာအဖြစ်ကို ကြည့်ပြီး စိတ်မကောင်းလို့ ဝဲလာတဲ့ မျက်ရည်များနှင့်အတူ.. ဦးရာ တစ်ခုခုမျာ
းဖြစ်သွားပြီလားဆိုတဲ့အတွေးနဲ့ အနည်းငယ်ထိတ်လန့်စ ပြုလာသည့် စိုးရိမ်ကြောက်စိတ်များ
နှင့် ကြွေရေစိမ်ကန်အနားကို တိုးကပ်သွားပြီး...

" ဦးရာ  ဦးရာ  မှီ ခေါ်နေတာ သိလား။ဦးရာ  ဦးရာ
လို့ ... "

မှီ ကြွေရေစိမ်နားမှာ ရပ်ပြီး ခေါ်ကြည့်ပေမယ့်...
ဦးရာ လှုပ်ရှားချင်းမရှိ။

မဟုတ်မှ ဦးရာ က မီ့ကြောင့် ခံစားရလွန်းပြီး ကိုယ့်ကိုယ်ကိုယ် ရေနစ်ပြီး သတ်သေလိုက်တာလား ။အို! ငါ ဘာတွေနေတာလဲ။မဟုတ်မဟက်တွေကို
လွဲပါစေ။ဖယ်ပါစေ။

မှီ ပြောမိတာကို မဟုတ်စေဖို့.. လက်ချောင်းလေးတွေနဲ့ နူတ်ခမ်းထိလိုက် နဖူးထနလိုက်နဲ့ လုပ်ပြီး...

ရေအောက်မှာ နစ်မြုပ်နေတဲ့ ဦးရာရဲ့ အေးစက်နေတဲ့ လက်တစ်ဖက်ကို ကြောက်ကြောက်လန့်လန့်နဲ့ ကိုင်ဆွဲရင်း...

" ဦး   ဦးရာ  မီ  မှီခေါ်နေတာ ကြားလား။ဦးရာ
ဦးရာ ဦး!  ဗွမ်း!.. အမလေး!.. မေမေရေ ကယ်ပါ။
ဘုတ်! "

မှီခေါ်နေတာကို လှုပ်ရှားမှုမရှိနဲ့ ငြိမ်သက်နေရာမှ
ဦးရာ က ရေထဲကနေ ရုတ်တရက် ခေါင်းထောင်
ထလာတာမို့... မှီ့မှာ နောက်ကို ဖင်ထိုင်လျက်လဲ
ကျသွားရပြီး လိပ်ပြာလွင့်လုလုကို လန့်သွားရသည်။

ရာ ရေအောက်၌ အသက်အောင့်ပြီး နေနေစဥ်...
လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ခံလိုက်ရပြီး
အော်ခေါ်နေတဲ့ မှီကြောင့်... စိတ်တိုတိုနဲ့ ရေပေါ်
ကို ပြန်ထွက်လာခဲ့ရသည်။

ဖြူစင်သူမင်းအတွက် CompletedTempat cerita menjadi hidup. Temukan sekarang