ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (8)

4.5K 124 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (8)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ကြီးမေ ဦးရာ ကို တွေ့မိသေးလား.. "

" တူကြီးရာ ကို မေးတာလား မီလေး.. "

" အင်း.. ဟုတ်တယ် ကြီးမေ။မီ နိုးလာတော့ အခန်းထဲမှာ မတွေ့လို့လေ "

" တူကြီးရာ က နွေဦး နဲ့ အပေါ်ထပ် ဝန်းရံတာဘေးက Gymအခန်းမှာ ခြေထောက်အတွက် လေ့
ကျင့်ခန်း လုပ်နေတယ်လေ "

" အခုမှ မနက်ငါးနာရီခွဲကျော်ပဲရှိသေးတာလေ။လေ့ကျင့်ခန်း လုပ်တာက စောနေသလိုပဲ "

" တူကြီးရာ ဒီနေ့လေ့ကျင့်ခန်း လုပ်တာက ခါတိုင်းနေ့တွေ လေ့ကျင့်ခန်း လုပ်တဲ့... အချိန်ထက် ဒီနေ့က စောပိုတယ်။နွေဦး က ခြောက်နာရီမှ လာ
နေကျလေ။ဒီနေ့ တူကြီးရာ က စောလာဖို့ ဖုန်းဆက်ခေါ်လို့တဲ့ဆိုပြီး မနက်ငါးနာရီခွဲကြီး အိမ်ကို
အပြေးအလွှားနဲ့ ​ရောက်လာတယ်လေ "

" ဦးရာ က စောစောနိုးလို့ထင်တယ်။အာ့ကြောင့်
လေ့ကျင့်ခန်းကို စောစောလုပ်တာနေမယ် "

" တူကြီးရာ စောစောနိုးတာထက် မီလေး စောစော နိုးတာက ပိုထူးဆန်းနေသလိုပဲ။အိပ်လို့မရလို့လား.. မီလေး "

ကြီးမေ အမေးကို မှီ ရယ်ကျဲကျဲ မျက်နှာလေးဖြင့်...

" အိပ်လို့မပျော်လို့ ထရင်းနဲ့ အဖိုးအတွက် နံနက် စာကို ကြီးမေနဲ့အတူ ပြင်ဆင်ပေးချင်လို့ ဆင်းလာတာ။ကြီးမေ နံနက်စာ အတွက် ဘာပြင်ထား
လဲ ဟင် "

" နံနက်စာလား.. ကြီးမေလည်း ဘာလုပ်ပေးရင်
ကောင်းမလဲ စဥ်းစားနေတာ။သူဌေးကြီး ကို အား
ရှိတာမျိုးလေး လုပ်ပေးမလားလို့။ဦးလုံးပြောတာလေ သူဌေးကြီး ညက အပူတော့ မတက်ပေ
မယ့် ခဏခဏ နိုးနေတယ်တဲ့။အခုလည်း ခြံထဲမှာ လမ်းဆင်းလျှောက်နေလို့ နောက်ကနေ ဦးလုံး
က လိုက်စောင့်ကြည့်နေရတယ်။မူးလဲမှာဆိုးလို့
လေ "

" ဟုတ်လား.. အာ့ဆိုလေ မှီတို့ အဖိုးအတွက် ဖက်ထုပ်ပြုတ်လေး လုပ်ပေးမလား ကြီးမေ။အဆာကို အဖိုး အားရှိအောင် အသားနဲ့လုပ်မယ်
လေ "

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora