🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (42)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
မီ မှီ အိမ်ထဲကနေ ထွက်သွားတာနဲ့ ဦးမင်း ရင်ခွင် ထဲကနေ ထွက်လိုက်သည်။ပြီးတာနဲ့ ဦးမင်းရှေ့၌ ရပ်သည်။မီ့လက်နှစ်ဖက်ကို ဦးမင်းရဲ့ ခါးစပ်ပေါ်ကို တစ်ဖက်ဆီတင်ပြီး... ရွှန်းလဲ့လဲ့ မျက်ဝန်းလေးတွေနဲ့ ဦးမင်း ကို ကြည့်ကာ...
" ဦးမင်း ရောက်လာလို့ တော်သေးတယ် သိလား။
အခုထပ် နောက်ကျမှ ရောက်လာရင်လေ..ဦးမင်းမိန်းမလုပ်ချင်နေတဲ့ မှီကလေ.. မီ့ သတ်တောင်သတ်မလား မသိဘူး။ဦးမင်း က မီ လိုအပ်တဲ့ အချိန်ကို ရောက်လာပေးတာပဲ။မီလေ ဦးမင်း ကို
အရမ်းချစ်တာပဲ။ဦးမင်းလည်း မီ့ကို ချစ်််််တယ်မလား ဟင် "" ငါ့ ခါး ပေါ် က မင်း လက် တွေ ကို ဖယ် လိုက်စမ်း မီ "
ရာ သူ့ရှေ့တည့်တည့်ကနေ ရပ်ပြီး မေးနေတဲ့
မီ့မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ပြီး...
တစ်လုံးချင်း ပြောလိုက်သည်။မီ ဦးမင်းရဲ့ အေးစက်စက် အပြောကြောင့် နည်းနည်း တုန်လှုပ်သွားပြီး... အပြုံးလေးနဲ့...
" ဘာလို့လဲ ဦးမင်း။မီ ဦးမင်း ခါးပေါ်ကို လက်တင်တာ မကြိုက်လို့လား။အာ့ဆိုရင် စောနကလို ပြန်ပြီး ဖက်ထား! "
" မင်းကများ ငါ့အသားကို မထိနဲ့! ဖြောင်း! "
" အာ့! "
" အို! ဘုရားရေ... "
ဒေါ်သီသီကျော် မနက်ပိုင်းက သမီးနဲ့ ခင်ပွန်းသည်နှင့် စကားများပြီး... ခင်ပွန်းသည်က သူ့အလုပ်ရှိရာကို ထွက်သွားသည်။အိမ်မှာနေရင်း
မလုပ်သင့်တာ မလုပ်ဖို့ကို နားချပေမယ့်.. ပြောမ ရဆိုမရ သားဖနှစ်ယောက်ကြောင့်... စိတ်တွေရှုပ်လာတာမို့ အပေါ်ထပ်ရှိ ဘုရားခန်းမှာ စိတ်တည် ငြိမ်အောင် တရားသွားထိုင်နေခဲ့တာ။အိမ်အောက်ထပ်ကနေ စကားသံတွေ ကြားရတာကြောင့် တရားထိုင်နေတာကို ရပ်ပြီး... အောက်ထပ်ကို ဆင်းလာကြည့်တာပဲဖြစ်သည်။