🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (25)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ကြိုက်လား မှီလေး "
" အင်း ကြိုက်တယ်။မှီ က ဆာရှိီမိ ကို ဟင်းလို့ထင်နေတာ။အခုလို ငါးအသားလွှာ ဖြစ်နေလိမ့်မယ်လို့ မထင်ဘူး။စားလို့ တကယ်ကောင်းတယ်သိလား ကိုကြီးသော
ပါးစပ်ထဲ အသားလွှာတွေကို ပလုတ်ပလောင်းစာ
းရင်း ပြောလာတဲ့ မှီလေးကြောင့် သောမှာ ရယ်နေမိ၏။ဘယ်အချိန်တွေ့တွေ့ သူ့ရှေ့မှာ ရှိနေတဲ့သူလေးက အမြဲတမ်း ရိုးရှင်းပြီး ပွင့်လင်းသည်။
အဲ့လို ပွင့်လင်းလို့လည်း စတွေ့မိကတည်း သူလေ
းကို ခင်တွယ်မိခဲ့တာ။အကူညီလိုရင် ပေးချင်မိတာ။" ကြိုက်တယ်ဆို စားလေ မှီလေး "
" မှီ စားတာ အခုသုံးဆယ်လောက်ရှိတယ်။ဆက်မစားနိုင်တော့ဘူး။တော်ပြီ ကိုကြီးသော အေ့!
ဆော ဆောရီးပါ ကိုကြီးသော ဟီး "စကားပြောနေရင်း က လေတက်မိသွားလို့ ပါးစပ်ကို လက်ဖဝါးနဲ့ အုပ်ပိတ်ပြီး... ရှက်မျက်နှာလေးနဲ့
ရယ်သွေးသန်း၍ သူ့အား တောင်းပန်စကားဆိုလာတဲ့ မှီလေး။သူလည်း မှီလေး အနေရမခက်အောင် အပြုံးတစ်ပွင့်ဖြင့်...
" တောင်းပန်စရာမလိုပါဘူးကွ။လေတက်တာ
သဘာဝပဲ လူတိုင်းတက်ကြတာပဲ။တခြားရော
ဘာစားချင်သေးလဲ မှီလေး "" ဟင့်အင်း မစားချင်တော့ဘူး။အိမ်ပဲပြန်ချင်တယ်။မှီ့ ဗိုက်ကြီးက လက်နဲ့ထိုးကြည့်ရင်တောင်
ပေါက်ထွက်တော့မလို ဖြစ်နေလို့.. အိမ်အမြန်ပြန်မှ ရမယ် "" အဟင်း အဟင်း "
ဗိုက်တင်းလို့တင်းနေတာကို ရိုးရိုးမပြောဘဲ...
သူ့ဗိုက်နားလေးကို လက်ညိုးလေးနဲ့ ထိတော့မယောင်လုပ်ပြပြီး ပြောနေတဲ့ မှီလေးကြောင့်... သောမှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ ရယ်ချမိတော့၏။တကယ်ကို ဟန်ဆောင်ခြင်းကင်းတဲ့ ကောင်မလေးပဲ။
" ဗိုက်ကြီးက ပေါက်တောင်ထွက်တော့မယ်ဆိုတော့.. ကိုယ်တော့ ကားကိုအမြန်မောင်းပို့မှ ဖြစ်တော့မှာဘဲ "