ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (28)

4.2K 122 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (28)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ဘာကို ထိခိုက်မှု မရှိတာလဲ။မင်း ပန်းစည်းပေးတဲ့သူက ငါ့မိန်းမကွ။ငါ့မိန်းမ "

" ဘာ! ခင်ဗျား ဘာပြောလိုက်တယ် "

" မင်း ကြားတဲ့အတိုင်းပဲ "

တစ်ဖက်လူ၏ ဒေါသသံနဲ့ ဖြေဆိုခြင်းက သော
နူတ်ခမ်းကို မဲ့ကျသွားစေသည်။တဆက်ထဲမှာပဲ
သိလိုက်ရသည်က သူ့အတွက် ပြိုင်ဘက်က
အုံ့ပုန်းကြီးဆိုတာပါပဲ။

အုံ့ပုန်းကြီးဆိုပြီး သူ့အနေနဲ့ ပြိုင်ဘက်ကို လျော့တွက်လို့တော့မရပေ၊ဘာလို့ဆို ပြိုင်ဘက်က သူ့အတွက် အားကြီးတဲ့ ပြိုင်ဘက်ဖြစ်နေတာမို့ပါ။
နောက်ပြီး ပြိုင်ဘက်ကလည်း သူရည်ရွယ်ထား
တဲ့သူရဲ့အနားမှာ အနီးကပ်နေနေတာမို့...
သူ့အတွက် အများကြီး ဂရုစိုက်ဖို့လာပြီ။

အခုလည်း တစ်ဖက်လူက မှီလေးအပေါ်မှာရှိတဲ့ စိတ်က လေးနက်လားဆိုတာ သိချင်မိတာကြောင့်.. သူ့အနေနဲ့ စကားအရာနဲ့ စမ်းသပ်ကြည့်
ရပေမည်။

" မှီလေး ကို ခင်ဗျား က မိန်းမလို့ သုံးနှုန်းပြောဆိုလို့ မရဘူးထင်တယ် ကိုဘုန်းမင်းဒီရာ။ဘာလို့ဆိုမှီလေး က ခင်ဗျားကို ကူညီတဲ့အနေနဲ့ ခင်ဗျားရဲ့ ဟန်ဆောင်ဇနီးအဖြစ် ခဏနေပေးနေတာ။ခင်ဗျာ
းရဲ့ တကယ့်ဇနီးအစစ်အမှန် မဟုတ်ဘူး။ခင်ဗျာ
းရဲ့တကယ့်ဇနီးအစစ်က! "

" ဘယ်သူကပြောလဲ မှီ က ငါ့ဇနီးအစစ်မဟုတ်ဘူးလို့ "

တစ်ဖက်မှ သူ့စကားကို ကြားဖြတ်၍ ပြောလိုက်တဲ့ စကားလုံးကြောင့်.. သော ပါးစပ်အဟောင်း
သားနဲ့ ခေတ္တမျှ ဆွံအသွားရသည်။

" မှီလေး ကို ခင်ဗျားရဲ့ ဖြေရှင်းစရာကိစ္စကြောင့်
ခင်ဗျားအနားမှာ ခဏထားတာပါလို့.. ခင်ဗျား
ကိုယ်တိုင် ပြောခဲ့တာကိုတော့ မမေ့ဘူးမလား "

" မမေ့ပါဘူး "

" အဲ့ဒါဆို ဘာလို့ မှီလေး ကို ခင်ဗျားရဲ့ ဇနီးအစစ်ပုံစံလိုမျိုး ပြောနေတာလဲ "

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now