🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (41)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ဘယ် ဘယ်သူနဲ့ ရတဲ့ ကိုယ်ဝန်လဲ မီ "
အံ့သြတုန်လှုပ်နေတဲ့ မာမီ က မီ့ပခုံးနှစ်ဖက်ကို
ကိုင်ကာ မေးသည်။မီ မာမီ့မျက်လုံးတွေနဲ့ အကြည်မစုံနိုင်တာကြောင့်
ဘေးကိုလွဲဖယ်ပြီး..." အဲရစ်နဲ့ရတဲ့ ကိုယ်ဝန်ပါ "
" ဘာ! အဲရစ်နဲ့ ဟုတ်လား "
" ဟုတ်တယ် "
" ဘာလို့ အဲရစ်နဲ့ ကိုယ်ဝန်ရရတာလဲ။ဒီတိုင်း တွဲတဲ့အနေထား မဟုတ်ဘဲ ဘယ်လောက်အဆင့်တွေထိ တွဲနေကြလို့... ကိုယ်ဝန်ကရရတာလဲ။ဘုန်းမင်ဒီရာ ကို ဘယ်လို စကားတွေနဲ့ပြောပြီး
ဘယ်လိုတွေ မျက်နှာ ပြကြမှာလဲ။သမီး ကို နည်းကောင်း လမ်းကောင်းတွေပဲ ရှေ့ကနေ သင်ပြပေးနေတဲ့ ဖအေပီသသူကြီး
ကိုလွင်မောင် ရှင် အခုကိစ္စကို ဘယ်လို လုပ်မှာလဲ ပြောကြစမ်းပါ ရှင်တို့ သားဖတွေ "ဦးလွင်မောင် သမီးကို ပြောနေရင်းက... လက်ဖဝါးနှစ်ကို ခပ်တင်းတင်းဆုပ်ပြီး...
ဒေါသမျက်ဝန်းတွေနှင့် သူ့ဘက်ကိုလှည့်ပြီး
ခပ်ရွဲ့ရွဲ့ပြောလာတဲ့... ဇနီးသည်ကို အမြင်မကြည်သလို ကြည့်ပြီး..." ပြဿနာတစ်ခုကို အေးအေးဆေးဆေး ဖြေရှင်းဖို့ မတွေးဘဲ... ဦးနှောက်နဲ့ စဥ်းစားညဏ်မရှိနဲ့ အပူတပြင်းနဲ့ ဖြေရှင်းဖို့ဘဲ သိတဲ့ မင်းက တကယ်စိတ်ပျက်ဖို့ ကောင်းတယ် သီသီကျော်။ငါ့သမီးကိစ္စကို ငါ့တို့သားဖတွေ ရှင်းမယ်။မင်းဘာသာအေးဆေးနေ "
" သမီးတစ်ယောက်လုံး ကိုယ်ဝန်ရှိနေတဲ့ ကိစ္စကို
ကျွန်မက မဆိုင်သလို နေရမယ်တဲ့လား။ကျွန်မကလည်း သမီးကို မွေးထားတဲ့ အမေပါ ကိုလွင်မောင်။သမီးကိစ္စ က ကျွန်မ ကိစ္စပဲ။အဲ့တော့ ကျွန်မလည်း ပါရမှာပဲ။အခုချက်ချင်း အဲရစ်ကိုဖုန်းဆက်ပြီး အိမ်ကို လာခိုင်းလိုက် မီ သမီး "" ဘာလုပ်ဖို့လဲ အဲရစ် ကို "
" ဘာလုပ်ရမှာလဲ.. သူနဲ့ ရတဲ့ ကိုယ်ဝန်ပဲ သူ့ကို
တာဝန်ယူခိုင်းပြီး လက်ထပ်ခိုင်းရမှာပေါ့ "