ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (35)

3.3K 88 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (35)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ဒီရာ့ မင်္ဂလာဆောင်ကို ဟန်ဟော ခရီးလွန်နေလို့
မလာနိုင်တာကို တောင်းပန်ပါတယ်။လက်ဖွဲ့အနေနဲ့ ဒီရာ ကုမ္ပဏီမှာ ရှယ်ယာတွေ အများကြီးဝင်ပေးမယ် "

" တောင်းပန်စရာမလိုပါဘူး ဟန်ဟော။ငါ ဖိတ်စာပို့လိုက်တာကလည်း သဘက်ခါလိုဆောင်တော့မယ်ဆို ဒီနေ့လောက်မှ ပို့ဖြစ်လိုက်တာလေ။အာ့
ကြောင့် အားနာမနေနဲ့ "

" အင်း "

" ဒါနဲ့ နင် အခုအခေါက် မြန်မာပြည်လာတာက အလည်သပ်သပ်ပဲလား ဟန်ဟော "

" ဟုတ်တယ်။ညနေပိုင်း လေယာဥ်နဲ့ ငါ့သူငယ်
ချင်း တချို့ထပ်ရောက်လာမယ်။သူတို့လာလို့
လူစုံတာနဲ့ ပုဂံဘက် သွားလည်မယ်။ပြီးရင် မန္တလေးပေါ့။ငါတစ်ယောက်တည်း အရင်လာတာက နင့်မင်္ဂလာပွဲကို မလာနိုင်လို့.. တောင်းပန်စကားပြောချင်လို့ရယ်..မတွေ့ရတာ အတော် ကြာနေလို့.. နင်နဲ့ အေးအေးဆေး စကားပြောချင်လို့ စောလာခဲ့တာ။နင်နဲ့ ကုမ္ပဏီချင်း ပူးပေါင်းမယ့် အလုပ်ကစ္စအတွက်က အလည်ခရီးကနေပြန်ပြီး နောက်တစ်ခေါက် ထပ်လာမှာ။အခုက သူငယ်ချင်းတွေနဲ့ အနားအပန်းဖြေတဲ့အနေနဲ့လာ
တာ။နောက်ပြီး မာမီ့ရဲ့အမေ မြန်မာပြည်မှာ နေတဲ့ အဘွားကိုလည်း အချိန်ပေးပြီး တွေ့ချင်လို့လေ။ကိုရီးယားလူမျိုးဖြစ်တဲ့ ဒယ်ဒီရဲ့ အဖေနဲ့အမေက ငါတို့နဲ့အတူနေပေမယ့်.. မြန်မာလူမျိုးဖြစ်တဲ့ မာမီ့အမေအဘွားက ငါတို့နဲ့မနေတော့.. သူ့ကို သတိရလို့တွေ့ချင်ရင် သီးသန့်အချိန်ပေးလာရတာ။ငါ အခုလို အလည်လာတာက အဘွားနဲ့တွေ့ချင်တာလည်း ပါတယ် "

" ဒါဆို နင့်အဘွားနဲ့ရော တွေ့ပြီးပြီလား။ရောက်တုန်း နင့်အဘွား အိမ်မှာ နေသွားပေါ့ "

" ညကို အဘွားအိမ်မှာ သွားအိပ်မှာ။အစက အဘွားအိမ်မှာ နေမလို့လေ။သူငယ်ချင်းတွေပါလာမှာမို့လို ဟိုတယ်မှာ နေရတာ။ဒါနဲ့ နင့် အမျိုးသမီးက ချောလား။ငါနဲ့လည်း မိတ်ဆက်ပေးအုံးလေ ဒီရာ "

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now