🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (43)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" အောင်မလေး... လူတွေ လူတွေ ကြီးလိုက်ကြတဲ့
လောဘတွေ။အခုတော့.. မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ။ကြားရတာတွေက စိတ်ဆိုးရမှာထက် စိတ်မကောင်းပဲ ဖြစ်နေရတယ်။မကြီးသင့်တဲ့ အရာကို လောဘကြီးမိတော့... အဲ့မကောင်းတဲ့ လောဘကပဲ ကိုယ့်ဘဝကို အောက်ဆုံးရောက်
အောင် ဆွဲချပစ်လိုက်တာပဲ။တကယ့်ကို သဝေဂရစရာပဲ။ဟင်း.. စိတ်မသက်သာ လိုက်တာ မြေးရယ် "မီ့အဖေ အဖမ်းခံရတဲ့ အကြောင်းကို အဖိုး က
သိသွားတာကြောင့်... ရာ အိမ်ပြန်ရောက်တာနဲ့
အဖိုးက မေးတာမို့... အကြောင်းစုံကို ပြောလိုက်ရသည်။အားလုံးသိပြီးတဲ့ အချိန်မှာတော့... အဖိုး က အတော်လေးကို စိတ််မကောင်းဖြစ်နေရှာ၏။
.
" ဒါဆို အခုရက်တွေ မြေး မြေးနဲ့အတူနေတဲ့ မိန်းကလေး က မီ မဟုတ်ဘူးပေါ့လေ "မှီ့အကြောင်း မေးလာတော့... အဖိုးဘက်က သူ့နဲ့ မှီ့ကို ဘယ်လို ပြောလာမယ် မသိတာကြောင့်... ရာ ရင်မောစွာနဲ့ ဖြေမိသည်။
" မီ မဟုတ်ပါဘူး။မီနဲ့ ရုပ်ချင်းတူတဲ့ မှီ ပါ အဖိုး "
" အင်း... လူချင်းက တူပြီး စိတ်ထားချင်းက မတူလိုက်တာများ ရေနဲ့ဆီလိုပါပဲလား...။အခု မြေး
က ဘာဆက်လုပ်မှာလဲ "" ဘာကိုလဲ အဖိုး "
" ဘာကို မေးတာဖြစ်မလဲ မြေးရဲ့...၊ မြေး မိန်းမ
မှီလေး ကို မီအဖြစ်နဲ့ပဲ ထားမှာလား။မှီအဖြစ်နဲ့ထားမှာလားလို့ မေးနေတာကွ။မှီအဖြစ်ထားမယ်ဆိုရင် ကွာရှင်းစာချုပ် မြေးလက်ထဲ ရောက်လာတာနဲ့ မှီလေးနဲ့ ပြန်ပြီး လက်ထပ်ဖို့ လုပ်ရမယ်။မြေးအသက်က မငယ်တော့ဘူး။ကလေးယူသင့်နေပြီ။အဖိုးလည်း မြေးကမွေးတဲ့ ကလေးတွေကို ချီချင်နေပြီကွ "အဖိုးဘက်က မှီနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ အပြစ်မမြင်ဘဲ... သဘောတူ ကြည်ဖြူပေးနေ သည်မို့... စိတ်သက်သာရာ ရသွားခဲ့သည်။
" မီးငယ်လေးနဲ့ ပြန်လက်ထပ်မှာပါ "
ရာ မှီ့ကို မှီအဖြစ်နဲ့ပဲ ရှိစေချင်တာကြောင့်...
အားလုံးအေးဆေး ဖြစ်သွားတဲ့ အချိန်ကျရင်တော့... ခမ်းနားတဲ့ လက်ထပ်ပွဲလေး ထပ်လုပ်ရမည်။