ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (21)

4.1K 93 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (21)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" မနေ့ကမှ တွေ့ကျတာကို အခုလထဲ လက်ထပ်ကြမယ်ပေါ့။မြေးတို့ကလေ "

" ဟုတ်ပါတယ် အဖိုး "

" အဖိုး သဘောမတူနိုင်ဘူး မြေး "

ဟုတ်သည်လေ တစ်ပတ် တစ်လတောင်မှတွေ့ရ
သေးတာ မဟုတ်၊တစ်ညတာပဲတွေ့ တွေ့ရသေး တာကို လက်ထပ်မယ်ဆိုတာက ဖြစ်နိုင်မတဲ့လား။မြေးက ဖြစ်နိုင်ရင်တောင်မှ မြေးရဲ့ အုပ် ထိန်းသူဖြစ်တဲ့... သူအနေနဲ့တော့ ဘယ်လိုမှ လက်ခံမပေးနိုင်။မြေးလက်ထပ်မယ့် မိန်းကလေး
ရဲ့ ပုံသဏ္ဌာန်ကိုကြည့်ရသည်မှာလဲ သဘောသိပ်တော့မတွေ့ပေ။အဲ့ဒါကြောင့်ပဲ မြေးတို့ကို သဘောမတူဘူးဆိုတာကို ခပ်ပြတ်ပြတ်ပဲ ပြောပစ်လိုက်တာ။

" ဦးမင်း "

အဖိုးစကားဆုံးတော့.. ဘေးနားမှာ ကပ်ထိုင်နေတဲ့ မီလေး က သူ့လက်ဖဝါးကိုဆုပ်ကိုင်ပြီး ခေါင်း
လေးငုံ့၍ နှစ်ကိုယ်ကြားရုံအသံလေးနဲ့ အားကိုး တကြီး ခေါ်သည်။

အဖိုး ကို ကြောက်ရွံနေသူလေးအား ရာ နှစ်သိမ့်
အပြုံးလေးနဲ့ ခေါင်းတစ်ချက်ငဲ့ကြည့်ပြီး... နှစ်
ကိုယ်ကြားလေသံနဲ့ပဲ...

" မကြောက်နဲ့ ကိုယ်ဖြေရှင်းမယ် "

လို့ နှစ်သိမ့်စကားဆိုရင်း သူ(မ)ဆုပ်ကိုင်ထားတဲ့
သူ့လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်ပြီး... တဖန် သူ့
လက်ဖဝါးဖြင့် သူ(မ)လက်ဖဝါးလေးကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူနဲ့ မီလေး လက်ထပ်မှာကို သဘောမတူဘူးဆိုတဲ့... အဖိုးကို သတ္တိတွေအပြည့်နဲ့ရင်ဆိုင်လိုက်သည်။

" ကျွန်တော်တို့ကို ဘာလို့ သဘောမတူရတာလဲ
အဖိုး။အကြောင်းပြချက်တော့ရှိမယ် ထင်တယ်။
ကျွန်တော် သိလို့ရမလား.. "

ဦးမင်းဒီရာ သူ့အားမေးလာတဲ့ မြေးနဲ့ မျက်လုံးအကြည့်ချင်းဆုံးပြီး... သူ သဘောမတူရတဲ့ အချက်
တို့ကို မြေးအား ပြောပြလိုက်သည်။

ဖြူစင်သူမင်းအတွက် CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ