ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (37)

3.2K 86 0
                                    

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (37)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ကိုယ့်ဆီမှာ အလုပ်မလုပ်ချင်တော့တာ ဘာလို့လဲ။မှီလေးမှာ ဘာပြဿနာ ရှိလို့လဲ။မှီလေးမှာ
ရှိတဲ့ အဆင်မပြေမှုနဲ့ ပြဿနာတိုင်းကို ကိုယ်
ဖြေရှင်းပေးနိုင်တယ်။ကိုယ့်ကို အကုန်ပြော
မှီလေး "

မှီ အလုပ်မလုပ်တော့ဘူးပြောတာနဲ့ ပြူးပြူးပျာပျာနဲ့ မေးတော့တဲ့ ကိုကြီးသော။

" မှီ့မှာ ဘာအခက်အခဲမှ မရှိပါဘူး ကိုကြီးသော "

" အဲ့ဒါဆို ဘာလို့ ကိုယ့်အနားမှာ အလုပ်မလုပ်ချင်ရတာလဲ "

အလုပ်စားပွဲမှာ ထိုင်နေတဲ့ ကိုကြီးသော က ဝတ်ထားတဲ့ ရှပ်အင်္ကျီလက်ကို တံတောင်နားထိ ခေါက်တင်ရင်း မှီ ထိုင်နေတဲ့ ဆိုဖာခုံတွေဆီကို
လျှောက်လာသည်။

" မှီ့မှာ ဘာပြဿနာမှ မရှိပါဘူး။အဆင်လည်းပြေပါတယ် ကိုကြီးသော "

သော မှီလေးစကားကြောင့် မျက်ခုံးတစ်ဖက် ပင့်တက်သွား၏။

" ပြဿနာလည်းမရှိ အဆင်လည်း ပြေနေတာကို အလုပ်မလုပ်ချင်ဘူးတဲ့လား...။မဟုတ်မှ ကိုဘုန်းမင်းဒီရာ က မှီလေး ကိုယ့်ဆီမှာ အလုပ်နေနေတာကို သိသွားပြီး၊မှီလေး ကို ကိုယ့်ဆီမှာ အလုပ်မလုပ်ရဘူးလို့ ပိတ်ပင်တားဆီးလို့လား.. "

မှီ့ရှေ့က ခုံမှာဝင်ထိုင်းရင်း မေးတဲ့ ကိုကြီးသော က အဖြေပြန်ပေးမယ့်... မှီ့မျက်လုံးတွေကို မျက်
တောင်မခပ်တမ်း ကြည့်နေသည်။

မှီလည်း အပြုံးယဲ့ယဲလေးနဲ့ ကိုကြီးသော ကို ပြန်ကြည့်ပြီး...

" ဦးရာ က မှီ ကိုကြီးသောဆီမှာ အလုပ်လုပ်တာကို သိသွားတာတော့ မှန်ပါတယ်။ဒါမယ့် မှီ
ကိုကြီးသောဆီမှာ အလုပ်လုပ်တာကိုတော့.. တားဆီးတာမျိုး မရှိပါဘူး။မှီ့ကို ခွင့်ပြုပေးပါတယ် "

သူ့ဆီမှာ မှီလေး အလုပ်လုပ်တာကို ကိုဘုန်းမင်းဒီရာ က ခွင့်ပြုပေးတယ်တဲ့လား။ဒါဆို မှီလေးက
ရော ကိုဘုန်းမင်းဒီရာ က ခွင့်ပြုရဲ့သားနဲ့ ဘာလို့
အလုပ်မလုပ်ချင်တာလဲ။

ဖြူစင်သူမင်းအတွက် CompletedOù les histoires vivent. Découvrez maintenant