2

196 9 1
                                        

.u.

အပိုင်း(၂)

Law of Jungle... တောရဲ့ စည်းမျဉ်း ဆိုတာဘာလဲ ။
အဲ့တာ သိပ်ရိုးရှင်းပါတယ်။ အင်အားကြီးတဲ့သူက အနိုင်ရမယ်... ဒါပဲ.... ။ အဲ့စည်းမျဉ်းကို ကျင့်သုံးတဲ့ မိသားစုကြားမှာ ငါ ကြီးပျင်းလာတာမို့ ဒါဟာ ငါ့မျက်စိရှေ့မှာ မြင်နေကျတဲ့စည်းမျဉ်းတစ်ခုပေါ့ ။
ငါ့အဖေဟာ (Byun)ဗြောင် လို့ အမည်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်...ငါ့အမေဟာ ငါ့အဖေရဲ့ တတိယဇနီး...။ ငါ့အဖေရဲ့ပထမဇနီးမှာ ငါ့အမေနဲ့အသက်ရွယ်တူဖြစ်တဲ့ (BaekHo)ဘတ်ဟို ဆိုတဲ့ သားတယောက်ရှိတယ် ။ဒုတိယဇနီးမှာငါ့အမေရဲ့ညီမငါ့အဒေါ်နဲ့ရွယ်တူ(BeakYi)ဘတ်ယီ ဆိုတဲ့ သမီးတယောက်ရှိတယ်... ။ တတိယဇနီး ငါ့အမေမှာတော့ ၇နှစ်အရွယ် သားတယောက်ရှိတယ် ။(BaekHyun)ဘတ်ဟျွန်း ဆိုတဲ့ ငါ...... ။

"ဟျွန်း ဆိုတဲ့ နာမည်လေးက သားကို နုနုညံ့ညံ့လေး ကြီးပျင်းလာစေလိမ့်မယ်... "

မေမေ့ရဲ့ စကားက မှန်ခဲ့တယ် ။ ငါ့အဖေရဲ့ ရာထူးနေရာကို လိုချင်နေကြတဲ့ ငါ့အစ်ကို နဲ့ ငါ့အစ်မ ဟာ ငါ့ကိုတော့ ပြိုင်ဖက်တယောက်လို သဘောမထားကြဘူး ။ အကြောင်းပြချက် နှစ်ခုရှိတယ်။ တစ်အချက်... ငါက သိပ်ငယ်လို့... နှစ် အချက်... ငါက သူတို့နဲ့ ပြိုင်လောက်တဲ့အထိ မသန်မာလို့... ။
ငါ့အသက်လေးနှစ်မှာ စာအုပ်တွေထဲက စာလုံးအတော်များများကို သိနေပြီ ။ ငါ့အသက်ငါးနှစ် မှာ အရောင်တွေကို သုံးပြီး ဘယ်လို ပုံဆွဲရမယ် ဆိုတာ ငါသိနေပြီ ။ ငါ့ဦးနှောက်က သန်မာပေမယ့် သေးကွေးတဲ့ ငါ့ကိုယ်ခန္ဓာကတော့ အားနည်းနေတုန်းပဲ ။
ငါ့အသက်ခုနစ်နှစ်ပြည့်ပြီးတဲ့ တရက်မှာ မေမေက ငါ့ကို ကတိတစ်ခုတောင်းတယ်။ မေမေက ငါ့လက်ကောက်ဝတ်တစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတယ် ။ မေမေ့ လက်တွေ ဖြူ ဖျော့နေတာကို ငါမြင်ရတယ် ။ မေမေ့အသားတွေက သိသိသာသာ အေးစက်လို့... ။

"မေမေ့ရှေ့မှာငိုလို့ရတယ်...ဒါပေမယ့်... တခြားဘယ်သူ့ရှေ့မှာမှ မငိုမိပါစေနဲ့ ...... သား မျက်ရည်ကို သားကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မမြင်စေနဲ့... ကတိပေးနိုင်မလား...... "

"ကတိပေးပါတယ်...... "

ငါ့စကားအဆုံးမှာ မေမေက တချက်ပြုံးတယ် ။ မေမေကျေနပ်သွားတယ် ဆိုတာကို ငါ သိလိုက်တယ် ။ နောက်ပြီးတော့...... ငါ့လက်ကို မေမေ လွှတ်ချလိုက်တာပါပဲ...... ။

PHOENIX |[ completed ]|Where stories live. Discover now