.U.
အပိုင်း(၁၆)
အဲ့ဒီအချိန်တုန်းက …… ။
သားတွေ ရှိလာပြီးနောက်ပိုင်းမှာ ငါ့အတွက် သူ ပေးအပ်လာတဲ့ ပိုင်ဆိုင်မှုတွေရှိလာတယ် ။
သူ့ ကုမ္ပဏီတစ်ခုချင်းစီရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းစီ။ နောက်ပြီးတော့ စက်ရုံကရတဲ့အမြတ်ရဲ့ ၅၀ရာခိုင်နှုန်းပိုင်ဆိုင်ခွင့် ။ ဒီလိုပေးလာတာမို့ ထူးထူးထွေထွေ မပျော်ရွှင်မိဘူး ။ ကလေးတွေနဲ့မို့ ဝါသနာပါတဲ့ ပန်းပင် တွေဘက်တောင် မလှည့်အားတဲ့ ငါ့ခေါင်းပေါ်ကို ဝန်ထုတ်တွေ ပိုပြီးတင်ပေးသလိုသာ ခံစားရတယ်။
ဘာဘာညာညာ စာရွက်တွေကို ငါ ဖတ်ကြည့်လေ နားမလည်လေမို့ ဆက်မဖတ်တော့ဘူး ။ *sign* ဆိုတဲ့နေရာမှာ ငါ လက်မှတ်ထိုးလိုက်တယ် ။ သူကတော့ သဘောတကျ ပြုံးနေလေရဲ့… ။
စနေနေ့ တစ်ရက်… ငါ သူနဲ့အတူ စက်ရုံတွေကို သွားစစ် ဆေးတဲ့နေ့…။သစ်သားစက်မို့ လွှသံတွေတညံညံ… စက်သံတွေ တဂျုံးဂျုံး… ဆူညံပွက်လောရိုက်လို့နေတယ် ။"စီးပွားရေးပဲလေ……သူဌေးကတော်…… ဆူညံပေမယ့် သည်းခံရတာပေါ့……"
စက်ရုံအလုပ်သမားတစ်ဦးက ငါ့ကို ပြောလာတယ် ။ ဘောဂ ဆိုတာ ငွေကြေးဥစ္စာကို ဆိုလိုတဲ့ ပါဠိစကားလုံးပဲ ။ ဗေဒ… ဘာသာရပ် ဆိုတဲ့ စကားလုံးအတိုင်း စီးပွားရေးသက်သက်ထက်တော့ အများကြီးပိုပါ လိမ့်မယ် ။ စိတ်ဝင်စားစရာတွေလည်း ရှိကောင်း ရှိပါလိမ့်မယ် ။ သို့ပေမယ့် ဘောဂဗေဒ ဆိုတာ ငါ့အတွက် ခေါင်းခဲစေတဲ့အရာတစ်ခုထက် မပိုဘူး ။သဘာဝကို လေ့လာတဲ့ သတ္တဗေဒကို ငါချစ်တယ် ။ သတ္တဗေဒကိုပဲ စိတ်ဝင်စားတာမို့ ငါဟာ သတ္တဗေဒကိုပဲ လေ့လာခဲ့ပြီး သတ္တဗေဒနဲ့ပဲ ဘွဲ့ရခဲ့တယ် ။ အကျိုးအကြောင်းဆက်စပ်တွေးတောရတဲ့ သိပ္ပံပညာကို ငါသဘောကျတယ်။ Physics ဆိုတဲ့ ရူပဗေဒက်ို ငါ သဘောကျပေမယ့် ရူပဗေဒသဘောတရားတွေနဲ့ အလုပ်လုပ်နေတဲ့ စက်ပစ္စည်းတွေကိုတော့ ငါ စိတ်ဝင်တစား မရှိခဲ့ဖူးဘူး ။ လူများတဲ့ပတ်ဝန်းကျင်မှာလည်း နေလေ့မရှိတာမို့ လူကြားထဲကို သွားလာရတဲ့ စနေနေ့တိုင်းက ငါ့ကို နှိပ်စက်နေသလိုပဲ။အခုလည်း စက်ရုံကို လှည့်ပတ်ကြည့်ရှုရင်း ငါ ညည်းငွေ့ခေါင်းခဲလှပြီ… ။
![](https://img.wattpad.com/cover/219095914-288-k916322.jpg)
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction