.U.
အပိုင်း(၁၂)
"အဲ့ အဲ့ ဝါးးးး………" "ဝါးးးးးး…………"
စူးစူးဝါးဝါးအော်ငိုသံလေးတွေကြောင့် ငါ နိုးလာ တယ် ။
ငါ့ကို ပွေ့ဖက်ထားတဲ့ လက်တွေထဲက ငါ အသာလေး ရုန်းထွက်လိုက်တယ် ။ ငိုသံစူးစူးတွေကြောင့် ငါ့ခင်ပွန်း သူလည်း နိုးသွားဟန်တူပါရဲ့ ။"ကျစ်…… အနှောင့်အယှက်ပဲ…… "
ပလုံးပထွေးပြောကာ ထထိုင်လိုက်တဲ့ သူ့နားကို ငါ မသွားနိုင်သေး ။ တယောက်ငိုရင်တယောက် လိုက်ငိုတတ်တဲ့ အမွှာလေးတွေကို ငါ့ပခုံးတဖက်ဆီမှာတင်ပြီး ချော့မြူ နေမိတယ် ။ ငါ့ရင်ငွေ့ကို ရလိုက်လို့ထင်ရဲ့။ သူတို့ ခဏလေးအတွင်းမှာ ပြန်အိပ်ပျော်သွားကြတယ် ။
စောင်လေးတွေနဲ့ သေချာထွေးပတ်ပေးရင်း ငါခဏလောက် ပြုံးကြည့်နေမိတယ် ။ အမွှာလေးဟာ သူနဲ့ တပုံစံတည်း တူကြတာပါပဲလား… ။"Bae……ကိုယ်အိပ်ချင်နေပြီ…… "
ကုတင်ပေါ်မှာထိုင်စောင့်နေတဲ့ သူ့အနားကိုငါ သွားလိုက်တယ်။ သူလည်း ခဏလေးအတွင်းမှာ ပြန်အိပ်ပျော်သွားတော့တာပါပဲ ။
တစ်နှစ် ဆိုတဲ့အချိန်အတွင်းမှာ ငါ တတ်မြောက်ခဲ့တာတွေ များတယ်။ အနှီးဘယ်လိုထုပ်ရမလဲ… ဒိုင်ပါဘယ်လိုလဲရမလဲ… နုညံ့တဲ့ကလေးတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ။"ယာ…… ယာ…… "
တုန်တုန်ချိချိ နဲ့ တလှမ်းဆီ လျောက်လာတဲ့ သားငယ်လေးကို ငါ ဝမ်းပမ်းတသာ လက်ခုပ်တီးပေးနေမိတယ်။*လာ… * လို့ မပီမသခေါ်ရင်း အားပေးနေတဲ့ သားကြီးက ငါ့ရင်ခွင်ကို ဖက်တွယ်ထားတယ် ။
" ကိုကို…… ကြည့်ပါဦး…… "
အနားက ဖြတ်လျောက်သွားတဲ့ သူ့ကို ငါ လှမ်း ခေါ်လိုက်တယ်။ သူ တချက်တော့ လှည့်ကြည့်သွားပါတယ် ။
နွေ… မိုး… ပြီးတော့ ဆောင်း…… ။ ပြီးတော့ နွေကို ပြန်ရောက်လာတယ် ။မွေးနေ့ကိတ်ပေါ်က *4* ဆိုတဲ့ ဖယောင်းတိုင်ကို သူတို့လေးတွေ ပြိုင်တူမှုတ်လိုက်ကြတယ်… ။"" မေမေရေ!!!! ""
သူတို့ ငါ့ရင်ခွင်ထဲကိုတိုးဝင်လာတယ် ။ ငါ သူတို့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြီး နဖူးပေါ် အနမ်းလေးတွေကျဲချလိုက်တယ်။ သူတို့ ရယ်သံ တခစ်ခစ်ကို သဘောကျစွာနဲ့ ငါ လိုက်ရယ်မိပါရဲ့ ။ ငါ့ခင်ပွန်းက ယောင်ယောင်လေး ပြုံးနေတယ် ။ သူ့စိတ်ထဲမှာ ဘာတွေးနေလဲ ဆိုတာ ငါမခန့်မှန်းနိုင်တော့ဘူး… ။

YOU ARE READING
PHOENIX |[ completed ]|
Historia CortaLove is Burning ... Like a P H O E N I X a chanbaek BL fanfiction