Love is burning …
Like a …
PHOENIX…
_____________ငါ အိမ်ပြန်ရောက်လာတယ်……။
နံစော်ပေရေနေတဲ့ ကလေးကို ရေချိုးသန့်စင်ပေးပြီး အစားအစာကျွေးတယ်… ။ မိသားစုဆရာဝန်ကို ခေါ်ပြီး စစ်ဆေးစေတော့ ကလေးက မသေရုံတမယ် စားသောက်ခဲ့ရတာမို့ အာဟာရ ချို့
တဲ့နေတယ်… ။ ငါ့ခင်ပွန်းသာ အရဲစွန့်ပြီး ခေါ် မလာရင် သူလေး သေတော့မယ်… ။"လိပ်ပြာလေး တဲ့လား…… "
လက်မှာဆေးထိုးအပ်တန်းလန်းနဲ့ ကလေးကို ကြည့်ပြီး ငါ့ရင်ထဲမှာ မကောင်း… ။ အိပ်ပျော်နေတဲ့ ကလေးရဲ့ ခေါင်းလေးကို ငါ အသာလေး အုပ်ကိုင်ပြီး ဆုတောင်းပေးမိတယ်… ။
လိပ်ပြာလေးရယ်… ဆက်ပြီး ရှင်သန်နေထိုင်ပေးပါကွယ်… ။ ဘဝတစ်ခုကို ကောင်းကောင်းလေး နေထိုင်ဖြတ်သန်းရဦးမယ် ……။
" မေမေရေ…… "
" မေမေ…… "
အခန်းထဲကို ဝင်လာတဲ့ အမွှာလေးက ဆေးပိုက်တန်းလန်းနဲ့ ကလေးကိုမြင်တော့ အံ့အားသင့်နေကြတယ်… ။
"ထယ်ယန်း … ဆဲဂျီ… ဒါ မင်းတို့ရဲ့ ညီမလေးပဲ……"
ငါ ပြုံးရင်း မိတ်ဆက်ပေးလိုက်တယ်… ။ ကလေးက နိုးလာတော့ တဂျီဂျီငိုတယ်… ။ ငါတလှည့်… ထယ်ယန်းတလှည့် ဆဲဂျီတလှည့် ကလေးကို ပွေ့ချီချော့မြူ ရတယ်… ။အမွှာလေးတွေက ကလေးကို လက်ခံမယ်လို့ ငါ မမျှော်လင့်ထားခဲ့ပေမယ့်… သူတို့ လက်ခံပေးကြတယ်… ။ တော်ပါသေးရဲ့……။တနေကုန်တဲ့အထိ သူတို့ ငါ့နားမှာ နေရင်း ကလေးအကြောင်း တဖွဖွမေးနေကြတယ်… ။ ငါ ဝမ်းပန်းတသာနဲ့ သူတို့ကို အချိန်ပေးမိတာ … ငါ့ခင်ပွန်းအတွက် ညစာချက်ဖို့ တောင် မေ့သွားတဲ့အထိ… ။
"Bae ကွာ …… ဒါ မေ့စရာလား … "
ငါ့ခင်ပွန်းက ငါ့လက်ရာမဟုတ်တဲ့ ဟင်းပန်းကန်ကို ဆောင့်ချရင်း ခပ်မာမာပြောတယ်… ။ ငါ့ခင်ပွန်းကို ငါ စိတ်ပျက်လက်ပျက်နဲ့ ငေးကြည့်နေ မိတယ်… ။ အခုထိ *စိတ်ပျက်* တဲ့ အဆင့်ပဲ ရှိသေးတဲ့ ငါ့ကိုယ်ငါလည်း အံ့သြလို့ မဆုံးမိ ဘူး… ။
"မင်း ဘယ်လောက်အဖြစ်ရှိတာ လုပ်နေရလဲ ဆိုတာ ကိုကို သိချင်တယ်…… "
YOU ARE READING
PHOENIX |[ completed ]|
Cerita PendekLove is Burning ... Like a P H O E N I X a chanbaek BL fanfiction