ABOUT . FICBOOK . DELAY

350 24 7
                                    

(U)

" FICBOOK နှင့်ပတ်သတ်၍ "

Ficbook နှောင့်နှေးခြင်း နဲ့ ပတ်သတ်တာကို ဖွင့်ပြောရမယ်ဆိုရင် တော်တော်လေးလည်း ရင်နာစရာကောင်းလှပါတယ် ။

Ficbookလေးကို စပြီးပြင်ဆင်တာ 2020ခုနှစ် Novemberလကတည်းက ဖြစ်ပြီး Orderစကောက်တာက 2020ခုနှစ် Decemberလကတည်းက ဖြစ်ပါတယ် ။

စာစီတာ Orderကောက်တာ ငွေကောက်တာ Coverart Postcard Bookmark အားလုံးကို ယုံကြည်ရတဲ့ ညီမလေးတွေရဲ့ အကူအညီနဲ့အတူ ကိုယ့်လက်ကိုယ့်ခြေနဲ့ပဲ လုပ်ခဲ့ပါတယ်။ စာအုပ်တိုက်ဖက်က စာရွက်ပေါ်ပုံနှိပ်ပြီး ဖြန့်ဝေပေးဖို့ပဲ ကျန်ပါတယ် ။
Order Deadlineကိုလည်း 2021 February ၂ရက်လို့ ထားခဲ့ပြီး ရက်ပေါင်း ၄၀လောက်အချိန်ပေးခဲ့ပါတယ် ။ အဆင်မပြေတာတွေ ပြေတာတွေ ညှိယူရအောင် အချိန်အကြာကြီးပေးထားတာပါ ။

Februaryလ ၂ရက်မှာတော့ သဘာဝရဲ့မအေယိုးကြီးတသိုက်ဟာ စောက်ရူးထပြီး မထင်မှတ်ထားတာကို လုပ်ချသွားပါတယ် ။ Rossicaတို့ ကမ္ဘာစပျက်တာပေါ့ ။ ချက်ခြင်းပဲ Rossicaတို့ ဘာလုပ်ရတယ် ဆိုတာ သိတဲ့လူ သိပါတယ် ။ စာအုပ် ၃၃အုပ်စာ ငွေ တသိန်းကျော်ကျသင့်တာမှာ တဝက်စာ ငွေငါးသောင်းကျော်ကိုပဲ ပေးချေနိုင်ခဲ့ပါတယ် ။ ကျန်တာဘယ်ရောက်သွားလဲ မေးရင်တော့ နေရာပြောင်းကားခနဲ့တင် ပြောင်ပါတယ် လို့ပဲ ရိုးရိုးသားသားဖြေပါမယ် ။

ဒါအပွင့်လင်းဆုံး ပြောပြနေတာပါ ။ နောက်ပိုင်း Logoဆွဲတာ ဘာညာကနေရှာမိတဲ့ အပိုဝင်ငွေဆိုတာ စားဖို့နဲ့တင်ကုန်ပါတယ် ။ ထောက်ပံ့ကြေးဆိုတာလည်း နောက်ပိုင်းလတွေမှာ ဘယ်နေမှန်းမသိပါဘူး ။ မိသားစုများတဲ့လူတွေ စာနာနိုင်ပါလိမ့်မယ် ။

ခုလောလောလတ်လတ်လည်း စာအုပ်တိုက်ဖက်ကို ဘယ်လိုညှိလို့ရမလဲ ဆွေးနွေးကြည့်ဖို့ လုပ်နေပါတယ် ။ သူတို့ဖက်က replyပြန်ဖို့တော့ လိုတာပေါ့ ။

ဒီတော့ ပြောချင်တာက 2020ခုနှစ် Novemberလကနေ စလိုက်တဲ့ projectလေးဟာ 2021ခုနှစ် Novemberလအထိ အကောင်အထည်မဖော်နိုင်သေးပါဘူး ။ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း မကြံတတ်တော့လောက်အောင်ပါပဲ ။ တွေးမိတိုင်းလည်း ဝမ်းနည်းရပါတယ် ။

PHOENIX |[ completed ]|Where stories live. Discover now