Love is burning …
Like a …
PHOENIX…
_____________" မင်းနာမည် ဘယ်လိုခေါ်လည်း……"
ငိုလို့ဝသွားတဲ့ သူက နီရဲနေတဲ့ မျက်လုံးတွေကို ပွတ်သတ်ရင်း ငါ့ကို မေးတယ်… ။
"ဘတ်… ဘတ်ဟျွန်း (Baekhyun) … "
မျက်ရည်တွေ စိုရွှဲနေတဲ့ ပါးပြင်လေးကို ပွတ်သုတ်ရင်း ငါ ဖြေလိုက်တယ်… ။ သူက ငါ့ပါးနီနီလေး တွေကို ခပ်သာသာဖျစ်ညစ်ရင်း ပြုံးတယ်…။
"ငါ မင်းကို သူများနဲ့မတူအောင်ခေါ်ချင်တာ…"အိမ်ထိန်းအဒေါ်ကြီးနဲ့ ဦးလေးကြီးက အံ့အားသင့်နေတဲ့ မျက်နှာတွေနဲ့ ငါတို့ကို ငေးကြည့်နေတယ်… ။ ဘာလို့လဲ … ငါ မသိခဲ့ဘူး……။ နောက်မှ ငါသိလိုက်ရတာ… သူ့အမေမရှိတော့တဲ့ နှစ်နှစ်တာ အချိန်အတွင်းမှာ သူ ပထမဆုံး ပြန်ပြုံးခဲ့တာ… ။
" ငါမင်းကို B a e k က k ကိုဖြုတ်ပြီး B a e … ဘေ(Bae) လို့ ခေါ်မယ်… "
ခေါ်လို့ရမလား လို့ သူ မမေးဘူး… ။ သူ ခွင့်မတောင်းဘူး… ။ ဟုတ်တယ်… အဲ့တာ သူ့အကျင့်ပဲ ……။ သူ ဆိုတာ ဆန္ဒရှိတဲ့ တစုံတရာကို မရရအောင် ယူတတ်တဲ့သူ… ။
အဲ့နေ့က စပြီး သူနဲ့ ငါ အရင်းနီးဆုံး လူနှစ်ယောက် ဖြစ်လာတယ်… ။ သူ့အကြောင်းတွေ ကို ငါ သိလာတယ်… ။
သူ့နာမည်က ပတ်ချန်းယောလ်… ။မစ္စတာပတ် ရဲ့ တစ်ဦးတည်းသောသား… ။ ငါ့အသက် ခုနစ် နှစ်မှာ သူ့ အသက်က ဆယ်နှစ်ရှိပြီ …။ ပတ်အိမ်တော်ကို ငါရောက်တဲ့နေ့က ငါ့အမေဆုံးပြီး နောက်တစ်ရက်… ငါ့အမေရဲ့အရိုးပြာကို မျောတဲ့နေ့…။ အဲ့ဒီ့နေ့က သူ့အမေရဲ့ ဇာပန နှစ်ပတ်လည် နေ့ပဲ… ။
သူ့ဖခင် မစ္စတာပတ်က ကြင်နာတတ်တဲ့ ဖခင်ပါပဲ… ။ သူ့ကို သိပ်ချစ်တယ်… အလိုလိုက်တတယ်…။ ငါ့အသက်ကွာတဲ့ ငါ့အဒေါ်ကိုလည်း ညီမလေးတယောက်လို သမီးလေးတယောက် လို ဆက်ဆံတယ်… ။ စီးပွားရေးအရ လက်ထပ် ထားရတာက လွဲရင်ပေါ့… ။
ငါတို့နှစ်ယောက်လုံးမှာ တူညီတဲ့ နာကျင်မှုတွေ ရှိကြတာပဲ ဆိုတာကို သိရတော့ ငါ သူ့က်ို ပိုပြီး ကြင်နာပေးမိတယ်… ။ ပိုပြီး ပြုံးပြပေးမိတယ်…။
YOU ARE READING
PHOENIX |[ completed ]|
Storie breviLove is Burning ... Like a P H O E N I X a chanbaek BL fanfiction