23

241 11 0
                                    

.U.

အပိုင်း(၂၃)

ဟိမဝန္တာတောင်တန်းတွေဆီကို ကောင်းကင်ပေါ်က မျက်ရည်စက်တွေ သွန်ချလာတယ် ။ သစ်ရွက်နုနုလေးတွေ စိမ်းစိမ်းစိုလို့… ။

ငါ့နှလုံးသားမှာ အက်ကြောင်းတွေ အပြည့်ပဲ ။ ငါ့သားနှစ်ယောက်ရယ်… သမီးရယ်… အာ့ဂယ်…အန့်ဂယ်… အာ့ပါ… အာ့မာ… သူတို့တွေကတော့ ငါ့နှလုံးသားအက်ကြောင်းကို ဖြည့်ပေးလာတဲ့ ပန်းပွင့်လေးတွေပေါ့… ။

လွတ်ပြေးခဲ့သူ နဲ့ လွှတ်ပေးလိုက်သူ… ဘယ်သူက ပိုပြီး လွတ်လပ်လိမ့်မလဲ ဆိုတာ ငါမသိဘူး။
သူ့ကို လွတ်ချလိုက်ပြီးတဲ့ နေ့ရက်တွေဟာ ငါ့အတွက် သိပ်ကို ပေါ့ပါးနေခဲ့တာကိုတော့ ငါ ဝန်ခံရမယ်။ သူ့ကို မေတ္တာပို့မိတဲ့ အချိန်တိုင်းမှာလည်း အရင်လို မငိုမိတော့ဘဲ ပြုံးမိလာတယ် ။ လတ်ဆတ်လှတဲ့ ငါ့နေ့ရက်တွေက  အပြုံးတွေနဲ့ ပြည့်နေခဲ့တယ် ။
အဲ့ဒီရက်တွေထဲက တစ်ရက်မှာ ငါ့အသက်၃၉နှစ်ပြည့်တယ် ။ ကျောင်းပိတ်တဲ့ စနေနေ့တစ်ရက် … ။ ငါ့ကိုယ်မှာ ဇာမဏီရုပ်လေးတွေ ထိုးထားတဲ့ ခီရာအနီရဲရဲလေး နဲ့ ။ တဝက်စည်းထားတဲ့ အညိုရောင် ဆံပင်နုနုလေးတွေက တင်ပါးနားအထိ ဝဲကျနေတယ် ။

"" မေမေရေးး!! ""

" အာ့မာ!! "

ငါ့သားသမီးတွေက ငါ့ကို မလွတ်တမ်း ပွေ့ဖက် ထားကြတယ် ။ ငါ့သမီးတွေရဲ့ အချစ်တွေက ငါ့အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင် ပါပဲ ။

"ပျော်ရွှင်ပါစေ……  "

အာ့ဂယ် နဲ့ အန့်ဂယ်က ငါ့ခေါင်းလေးကို အုပ် ကိုင်ပြီး ဆုတောင်းပေးကြတယ် ။ အာ့ပါ နဲ့ အာ့မာ က ငါ့ကို လက်ပတ်နာရီလေး တစ်လုံး လက်ဆောင်ပေးတယ် ။ဆွစ်ဇာလန်ထုတ် 1853 Tissot တံဆိပ်။ နာရီလေးက လေးထောင့်ပုံငွေရောင်အိမ်ကလေးနဲ့ ငွေရောင်လက်တံလေးတွေပါတယ်။ သားရေထည်စတိုင်လ် အနီရဲရဲ လက်ပတ်ကြိုးလေးနဲ့……။
ဒီကိုရောက်တဲ့၉နှစ်တာအတွင်းမှာ ငါရဲ့ ပထမဆုံးကျင်းပဖြစ်တဲ့မွေးနေ့ပွဲ နဲ့ ပထမဆုံးလက်ဆောင်ပဲ ။*လှလိုက်တာ…* လို့ ငါ ခပ်တိုးတိုးရေရွတ်လိုက်တယ်။
နာရီလေးကို ငါ့လက်ပေါ်တင်လိုက်တုန်းမှာ ငါ့ နောက်ဖက်ဆီက သြရှရှအသံတစ်ခု ကြားလိုက်ရတယ်… ။

PHOENIX |[ completed ]|Where stories live. Discover now