9

78 8 1
                                        

.U.

အပိုင်း(၉)

    အဲ့တုန်းက ငါ့အသက် ၁၇နှစ်… ။
    ငါ နဲ့ ငါ့ခင်ပွန်း သူ ဟာ တယ်ရိုမြို့က သီးသန့်အိမ်တော်ကြီးဆီ ပြောင်းခဲ့တယ် ။ သခင်လေး ဆိုတဲ့ နာမ်စားနေရာမှာ သခင်ကြီး နဲ့ သခင်မ ဆိုတဲ့ နာမ်စား တွေ ပိုင်ဆိုင်လာတယ် ။
    ဟုတ်တယ်…  ငါက သခင်မ ။ ရူးချင်စရာ ကောင်းပေမယ့်လည်း ငါက သခင်မ ။တလောကလုံးက ငါ့ကို သူ့ဇနီး ပတ်သခင်မ အဖြစ်နဲ့ပဲ သိခဲ့ကြတယ်။ ငါ ယောက်ျားလေး တယောက်ဆိုတာကို သိတဲ့သူ မရှိသလောက်ပဲ ။
    ဘာအရေးလဲ… ။ ငါ့မှာ သူရှိတယ်… ။ ဒီအတွေးတစ်ခုတည်းကို ဖက်တွယ်ပြီး ငါ သူ့ကို ပြုံးပြနေခဲ့တယ် ။
သူ ငါ့ကို ချစ်ပါတယ်။ ငါတို့အိမ်ထောင်ရေးကလည်း အဆင်ပြေခဲ့တယ် ။ အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုခဲ့တာကြောင့်… နောက်ပြီးတော့ အိပ်ယာပေါ်မှာ ကြမ်းတမ်းတဲ့ အိမ်ထောက်ဖက်နဲ့ အိမ်ထောင်ကျခဲ့ရတာကြောင့် ငါ ချူချာတာကို ထည့်မတွက်ရင်ပေါ့ …။
    ငါ့အသက်၂၁နှစ်မှာ နိုင်ငံခြားတက္ကသိုလ်တစ်ခုကနေ Online study နဲ့ ဘွဲ့ရတယ် ။ သူကလည်း ငါ့လိုပါပဲ ။ အိမ်ထောင်ရေး ဆိုတဲ့ ဘောင်တစ်ခုထဲကို စောစောဝင်ခဲ့မိတဲ့ ငါတို့နှစ်ယောက်အတွက် လူငယ်ဆန်ဆန်အချိန်ဖြုန်းဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလေ ။
    ဘွဲ့ရပြီးနောက်ပိုင်းမှာ ငါ အိမ်ထဲက အိမ်ပြင်ကို အထွက်နည်းလာတယ် ။ ကားမောင်းသမား နဲ့တောင် တခါတလေ သဝန်တိုတတ်တဲ့ ခင်ပွန်းသည်က ငါ့ကို ပိုင်ဆိုင်ထားတာပဲ… ငါ ဘာတတ်နိုင်ဦးမှာလဲ ။
   အိမ်ထဲမှာပဲ လိမ်လိမ်မာမာနေတဲ့ ငါ့အတွက် သူလက်ဆောင်လေးတွေ ယူလာလေ့ရှိတယ် ။  နှင်းဆီပွင့်လေးတွေ… ရွှေငါးကန်လေးတွေ… တစ်ခါကဆို အိမ်တော်ရဲ့အနောက်ဖက်မှာ ကန်ကြီးတစ်ကန်တူးပြီး ငါအရမ်းသဘောကျတဲ့ ကြာ ဖြူ လေးတွေနဲ့ ပြည့်နေစေတယ် ။ ငါ့ကို ပြန်ကဖို့လည်း သူ ခွင့်ပြုတယ် ။ ဒါပေမယ့် ငါ ကပြရမယ့် တယောက်တည်းသောသူက သူ ဖြစ်ရမယ် တဲ့… ။

    ငါတို့အိမ်ထောင်ရေးက သာမာန်စုံတွဲတွေလိုပဲ ။ မနက်စောစောထတဲ့ ငါက အလုပ်သွားရမယ့် ငါ့ခင်ပွန်းအတွက် ပြင်ဆင်ပေးမယ် ။ ငါ့နဖူးပေါ်ကို အနမ်းတစ်ပွင့်ပေးပြီး သူ အလုပ်သွားမယ် ။ ငါက အိမ်မှာနေပြီး အိမ်ကို လည်ပတ်မယ်။ သူ ပြန်လာတာကို ကြိုမယ် ။ ညစာပြင်ပေးမယ် ။ အတူတူစားကြမယ်။ အတူတကွ အိပ်စက်ကြမယ်… ။
    ညခင်းတွေမှာ သူ ဆန္ဒရှိသလောက် ငါ့ကို သုံးဆောင်ခွင့် ချစ်ရည်လူးခွင့်ရှိသလို နေ့ခင်းတွေမှာ အိမ်တော်တစ်ခုလုံးကို ငါ ဆန္ဒရှိသလို လည်ပတ်နိုင်တယ်…။
    တခါတရံ သူ စိတ်ဆိုးရင် ငါ့ကို ကုတင်ပေါ် ပစ်ချမယ် ။ အရင်ကထက် အဆပေါင်းများစွာ တိုးပြီး ငါ့ကို ကြောက်ရွံ့နာကျင်စေမယ် ။ တခါတရံ သူပျော်နေရင် ငါ သူ့ကို ကပြမယ် ။ သူ ပိုပျော်အောင် ငါ လုပ်ပေးမယ် ။ ငါတို့အိမ်ထောင်ရေးက ၈နှစ်တိတိ အဆင်ပြေပြေပဲ လည်ပတ်လာတယ် ။
    အဲ့ဒီတစ်ရက်…  မစ္စတာပတ် ငါ့ကို ခေါ်မတွေ့ခင်အထိ…။

PHOENIX |[ completed ]|Where stories live. Discover now