Love is burning …
Like a …
PHOENIX…
_____________
"Bae……… "
တိတ်ဆိတ်နေတဲ့ Corriderကို ပဲ့တင်ထပ်သွားစေတဲ့ ဒီအသံရှင်ဟာ ဘယ်သူများလဲ… ။
အေဘရာဟမ်လင်ကွန်း က ပြောတယ်… ။
*နာကျင်စရာတွေကို ချရေးပါ… ပြီးရင် စာအုပ်ထဲမှာ ပဲ ထားခဲ့ပါ * တဲ့… ။
ဒိုင်ယာရီစာအုပ်လေးကို ငါ ဖွင့်လိုက်တယ်… ။ ဒီ စာအုပ်လေးထဲမှာ ငါ ဖြစ်စေချင်ခဲ့တဲ့အကြောင်းအရာတွေ အများကြီးကို စိတ်ကူးယဉ်ပြီး ငါ ချရေးထားတတ်တဲ့ အကျင့်ရှိတယ် …။
ငါ့လက်ထဲက ဘောပင်လေးက စာရွက်သား ဝါဖျော့ဖျော့လေးကို ထိတွေ့သွားတယ်… ။
ငါ့ကို သူ ဘယ်လောက်မြတ်နိုးတယ် ဆိုတဲ့ အကြောင်း ရေးတယ်… ။သူ ဘယ်လိုကြင်နာပြီး ဘယ်လိုညင်သာတယ် ဆိုတဲ့အကြောင်း ရေးတယ်… ။ ငါ သူ့ရင်သွေးတွေ အများကြီးကို ငါ့ဝမ်းနဲ့လွယ်ပြီး မွေးပေးနိုင်တဲ့အကြောင်းရေးတယ်…။ သူ ငါ့ကို ဘယ်လို ကာကွယ်ပေးခဲ့တဲ့အကြောင်း ရေးတယ်…။
အခု နောက်ဆုံး………။
"ကိုယ် ရောက်လာပြီ Bae…… "
ငါလည်ပြန်လှည့်ကြည့်လိုက်တယ်……။ ငါ့နှလုံးအိမ်က တဒိတ်ဒိတ်ခုန်လှုပ်လို့……။သူ သိပ်နှစ်သက်ခဲ့တဲ့ အားကစားဝတ်စုံကို သူ ဝတ်ဆင်ထားတယ်။ ဖြစ်ချင်ခဲ့တဲ့ အားကစား သမားတ ယောက်အဖြစ် ရှင်သန်တော့မယ် ထင်ပါရဲ့… ။
"အားလုံးကို ကိုယ် ထားခဲ့ပြီ…… အားလုံးကို ကိုယ် ထားခဲ့နိုင်ဖို့ စီစဉ်နေတာ ငါးနှစ်တောင် ကြာ ခဲ့တာ…… "
သူ့ရင်ခွင်ထဲကို ငါ ပြေးဝင်လိုက်မိတယ်… ။ သူက ငါ့ကို ခပ်ဖွဖွထွေးဖက်ထားရင်း ပြောလာ တယ်… ။
" စောင့်နေရတာ မောပြီလား Bae…… "
ငါ့ဆံပင်တွေပေါ် ဖြတ်ပြေးသွားတဲ့ လက်ချောင်း တွေကို ငါ ခံစားမိတယ်… ။
" ဟင့်အင်း … မမောဘူး…… "
သူ့ရင်ထဲကို တိုးဝှေ့ရင်း ငါ ခေါင်းကို ယမ်းခါလိုက်တယ်… ။ သူလာမယ် ဆိုတာ သေချာပေါက် သိနေတော့ စောင့်ဆိုင်းရတာကို ငါ မမောတော့ဘူး……။
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)