Love is burning …
Like a …
PHOENIX…
_____________Law of Jungle… တောရဲ့ စည်းမျဉ်း… ။ အဲ့တာ သိပ်ရိုးရှင်းတယ်… ။အင်အားကြီးတဲ့သူက အနိုင်ရမယ်… ။ ဒါပဲ…… ။
အဲ့စည်းမျဉ်းကို ကျင့်သုံးတဲ့ မိသားစုကြားမှာ ငါ ကြီးပျင်းလာတယ်… ။ငါ့အဖေဟာ (Byun)ဗြောင် လို့ အမည်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်… ။
ငါ့အမေဟာ ငါ့အဖေရဲ့ တတိယဇနီး… ။ငါ့အဖေရဲ့ပထမဇနီးမှာ ငါ့အမေနဲ့ရွယ်တူ (BaekHo)ဘတ်ဟို ဆိုတဲ့ သားကြီးတယောက်ရှိတယ်… ။ဒုတိယဇနီးမှာ ငါ့အမေရဲ့ ညီမ ငါ့အဒေါ်နဲ့ ရွယ်တူ (BeakYi)ဘတ်ယီ ဆိုတဲ့ သမီးကြီးတယောက်ရှိတယ်… ။ တတိယဇနီး ငါ့အမေမှာ ၇နှစ်အရွယ် သားတယောက်ရှိတယ် ။
(BaekHyun) ဘတ်ဟျွန်း ဆိုတဲ့ ငါ…… ။"ဟျွန်း ဆိုတဲ့ နာမည်လေးက သားကို နုနုညံ့ညံ့လေး ကြီးပျင်းလာစေလိမ့်မယ်… "
မေမေ့ရဲ့ စကားက မှန်တယ်… ။ ငါ့အဖေရဲ့ ရာထူးနေရာကို လိုချင်နေကြတဲ့ ငါ့အစ်ကို နဲ့ ငါ့အစ်မ ဟာ ငါ့ကိုတော့ ပြိုင်ဖက်တယောက်လို သဘောမထားကြဘူး… ။
ဘာလို့လဲ ဆိုတဲ့ အကြောင်းပြချက် နှစ်ခုရှိတယ်… ။ တစ်အချက်… ငါက သိပ်ငယ်လို့… နှစ် အချက်… ငါက သူတို့နဲ့ ပြိုင်လောက်တဲ့အထိ မသန်မာလို့… ။
ငါ့အသက်လေးနှစ်မှာ စာအုပ်တွေထဲက စာလုံးအတော်များများကို သိနေပြီ…။ ငါ့အသက်ငါးနှစ် မှာ အရောင်တွေကို သုံးပြီး ဘယ်လို ပုံဆွဲရမယ် ဆိုတာ ငါသိနေပြီ… ။
ငါ့အသက်ခုနစ်နှစ်ပြည့်ပြီးတဲ့ တရက်မှာတော့ မေမေက ငါ့ကို ကတိတစ်ခုတောင်းတယ်… ။မေမေက ငါ့လက်ကောက်ဝတ်တစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတယ်… ။ မေမေ့ လက်တွေ ဖြူ ဖျော့နေတာကို ငါမြင်ရတယ်… ။ မေမေ့အသားတွေက အေးစက်လို့… ။
"မေမေ့ရှေ့မှာငိုလို့ရတယ်…ဒါပေမယ့်… တခြားဘယ်သူ့ရှေ့မှာမှ မငိုမိပါစေနဲ့ …… သား မျက်ရည်ကို သားကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မမြင်စေနဲ့… ကတိပေးနိုင်မလား…… "
"ကတိပေးပါတယ်…… "
ငါ့စကားအဆုံးမှာ မေမေက တချက်ပြုံးတယ်…။ မေမေကျေနပ်သွားတယ် ဆိုတာကို ငါ သိလိုက်တယ်… ။ နောက်ပြီးတော့…… ငါ့လက်ကို မေမေ လွှတ်ချလိုက်တာပါပဲ…… ။
YOU ARE READING
PHOENIX |[ completed ]|
Storie breviLove is Burning ... Like a P H O E N I X a chanbaek BL fanfiction