Love is burning …
Like a …
PHOENIX…
_____________ညနေခင်းရဲ့ တိမ်တွေက နေရောင်မှာ တောက်ပလင်းလဲ့လို့နေတယ်… ။ အဖြူ ရောင်ဂွမ်းစိုင်တွေပေါ်ကို ပျားရည်တွေ ဖြန့်ကျဲ ချထားသလိုပဲ… ။ တိမ်တွေကို ငါ ငေးကြည့်နေမိတယ်… ။ တနေရာက တနေရာကို လှည့်လည်နေတဲ့ တိမ်စိုင်တွေလိုပဲ ငါ မရင်းနီးတဲ့ တစ်နေရာဆီ ခရီးနှင်ခဲ့ပြီပဲ… ။
ငါ့အရှေ့ခုံမှာ ငါ့သားနှစ်ယောက် အိပ်ပျော်နေဆဲ…။ ငါ့ဘေးမှာတော့ ၁၅နာရီကျော်ကျော် ငါနဲ့အတူ အဖော်ပြု စကားပြောပေးတဲ့ ဘူတန်အဘိုးအိုရှိနေတယ်… ။ သူလည်း ခရီးပန်းကာ အိပ်ပျော်လို့နေပြီ… ။ ငါ့လက်ထဲက သမီးလေးက နိုးနေတယ်… ။ တချို့လေကြောင်းလိုင်းတွေက နှစ်ရက်သားအရွယ်က စလို့ လိုက်ပါစီးနှင်းခွင့်ပြု ပေမယ့် ဒီလေကြောင်းလိုင်း ကတော့ နှစ်ပတ်သားအရွယ် ကနေပဲ စတင်ပြီး လိုက်ပါစီးနှင်းခွင့်ပြုတယ်… ။ ပေပေါင်း သောင်းချီတဲ့ အမြင့်မှာ မတူညီတဲ့ လေထုဖိအားကို ခံနိုင် ရည်မရှိမှာ ကြောက်ကြပုံပါပဲ… ။ ရှစ်လကျော်သွားပြီ ဖြစ်တဲ့ ငါ့သမီးလေးကတော့ အဆင်ပြေပြေပါပဲ ။သူလေးလည်း ခရီးပန်းရှာတော့ မယ်လို့ ငါတွေးမိတယ်… ။ ငါ့ကြောင့် ကလေးတွေပင်ပန်းနေရှာပြီ လို့တွေးပြီး ငါအားနာမိပါရဲ့… ။
"ခရီးသည်များခဗျာ … ဘူတန်နိုင်ငံနယ်နိမိတ်တွင်းဝင်တော့မည်ဖြစ်ပါတယ်… ခါးပတ်များ ပတ် ထားခြင်း ရှိမရှိ စစ်ဆေးပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါတယ်… "
လေယာဉ်မှူးရဲ့ ကြေညာသံကို ငါ ကြားလိုက် တယ်… ။ ရှေ့ခုံက သားနှစ်ယောက်ကို ငါ နှိုးတယ်… ။ ခြောက်နှစ်အရွယ်လေးတွေပေမယ့် ငါ့ကလေးတွေဟာ သူတို့အဖေလိုပဲ အခြေအနေတိုင်းကို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်နိုင်ကြ တယ်… ။ သူတို့အဖေ ကို တွေးမိတော့ ငါ ပြုံးမိတယ်… ။ သူလည်း အခုအချိန်မှာ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနေလိမ့်မယ် ။
*ဝုန်း*ကနဲ လှုပ်ခါသွားတဲ့ လေယာဉ်ကြောင့် ငါ့အတွေးစတွေ ဖျတ်ကနဲ လွင့်ပျယ်သွားတယ်…။ လေယာဉ်က*ဝုန်း*ကနဲ နောက်တစ်ခါ ခုန်သွားပြန်တယ်…။ အရှေ့ခုံက ငါ့သားတွေဆီက *မေမေရေ… * ဆိုတဲ့ ခေါ်သံလေးတွေ ထွက်လာတယ်… ။

YOU ARE READING
PHOENIX |[ completed ]|
Historia CortaLove is Burning ... Like a P H O E N I X a chanbaek BL fanfiction