.U.
အပိုင်း(၄)
ငါ့အတိတ်က ရှုပ်ထွေးလွန်းခဲ့တယ်... ။
အတိတ် ကနေ ငါ ရုန်းထွက်လိုက်တယ် ။ ဒါ ငါ့အတွက် ပြေးထွက်ဖို့ အခွင့်အရေးပဲ။ ရှုပ်ထွေးနေတဲ့ အခြေအနေကြားမှာ ငါ သားနှစ်ယောက်ကို လက်ဆွဲ... သမီးကို ချော့မြူ ရင်း ပြေးခဲ့တယ် ။
ပြာကျစပြုနေတဲ့ ငါတို့အိမ်ဟာ မြို့ကြီးထဲကအခြား အိမ်တွေနဲ့ အတော်ဝေးလံတဲ့ နေရာမှာ တည်ရှိ တယ် ။ ငါ့ခင်ပွန်း ရဲ့ စီးပွားရေးဟာ သိပ်ကို လူမုန်းများတယ် မဟုတ်လား ။ ငါတို့ သီးသန့်နေဖို့ လိုအပ်တာပေါ့ ။ သီးသန့်နေတာတောင် အခုလို ဖြစ်လာသေးတာပဲ ။
ငါတို့အိပ်ခန်း ဝရံတာက လှမ်းကြည့်လိုက်ရင် ကွေ့ကောက်တဲ့ လမ်းပေါ်က ဖြတ်သွားတဲ့ ကုန်ကားတွေကိုငါ မြင်နိုင်တယ် ။ ငါ အမြဲစိတ်ကူးယဉ်ခဲ့တဲ့ အလုပ်တစ်ခုကို ငါ တကယ်လုပ်မိခဲ့တယ် ဆိုတာ ငါ မယုံနိုင်သေးဘူး ။
ကားလမ်းရှိရာကို ငါ ပြေးတယ် ။ ကုန်ကားတစ်စီးကို တားလိုက်တယ် ။ ငါ ကံကောင်းတယ် လို့ ဆိုရမယ် ။ သဘောကောင်းဟန်တူတဲ့ ကုန်ကားသမားဟာ ငါ့ပုံစံကို ကြည့်ပြီး အလန့် တကြားရပ်ပေးလာတယ် ။
"ဘာဖြစ်လာတာလဲ... အဆင်ပြေရဲ့လား... "
ငါ ခေါင်းပဲ ငြိမ့်ပြလိုက်ပြီး ကားပေါ်တက်လိုက် တယ် ။ အခု ကုန်ကားတွေက ဆိပ်ကမ်းကို သွားမှာ ဆိုတာ ငါသိတယ် ။ ကားကတ်ဆက် က နာရီကို ငါလှမ်းကြည့်လိုက်တယ် ။ ည ၇နာရီ ...... ငါ့စိတ်ထဲမှာ အမြဲအစီအစဉ်ချနေ ကျ အတိုင်းပဲ ငါ ပြန်စီစဉ်တယ် ။ ဒီမြို့ကခွာမယ့် သင်္ဘောက ၇နာရီ ၄၅မိနစ်မှာ ထွက်လိမ့်မယ်။ ဆိပ်ကမ်းကို ၇နာရီ ၂၅မိနစ်မှာ ရောက်လိမ့်မယ် ။ လက်မှတ်ဝယ်ပြီးတာနဲ့ ဆိပ်ကမ်းမှာရှိတဲ့ စတိုးဆိုင်က စားစရာ နည်းနည်းဝယ်ရမယ် ။
ဒီမြို့ကနေ တစ်ည သင်္ဘောစီးရမယ် ။ပထမဆုံး ဆိပ်ကမ်းကပ်ချိန်မှာ ရောက်မယ့်မြို့က မြို့ငယ်လေးတစ်ခု ။ အဲ့ဒီမှာ လိုအပ်တာတွေကို ငါဝယ်ရမယ် ။ ရွှေချောင်းတစ်ခုကို ဘယ်နေရာမှာ ငွေနဲ့ မြန်မြန် လဲနိုင်မယ် ဆိုတာ ငါသိတယ်။ အရင်တုန်းက မတွေးခဲ့ဖူးတဲ့ တချို့အရာတွေကို ငါ ထည့်တွက်လိုက်တယ် ။ ငါ့ကလေးတွေ... ငါ့သားတွေ နဲ့ငါ့သမီး... ။
စားစရာပိုဝယ်ရမယ်... ငါ့သားတွေက အစားမရွေးဘူး ။ငါ့သမီးအတွက် ဒိုင်ပါ နည်းနည်းတော့ ရနိုင်မယ် ထင်တယ် ။ ငါ့ကျောပိုးအိတ်ထဲမှာ နို့မှုန့်ထုတ်လေးနဲ့ နို့ဘူးလေး ထည့်ခဲ့မိလို့တော်သေးတယ် ။ သုံးရက်စာတော့ အနည်းဆုံးလောက်မယ်... ပြီးတော့...... ။
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)