Love is burning …
Like a …
PHOENIX…
_____________
"ကိုယ် မင်းကို အမြဲ သတိရနေခဲ့တာ ……"
လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့ဆံပင်ကို နမ်းရှိုက် ဖူးတဲ့… ငါနဲ့ စေ့စပ်ဖို့ ပြောဆိုဖူးတဲ့ စီနီယာဟာ ငါ့ကို စိုက်ကြည့်နေတယ်… ။
ငါတို့အိမ်မှာ လွတ်ထားတဲ့ သက်တော်စောင့်တွေ ကျသွားပြီ… ။ ဝတ်ရုံနက်တွေက ငါတို့တစ်အိမ်လုံးကို မွှေနှောက်နေပြီ… ။ ငါတို့ကုမ္ပဏီရဲ့ လုပ်ငန်းဆိုင်ရာ ဖိုင်တွဲ တွေကို ရှာတာ ဆိုရင်တော့ သူတို့ထက် ရူးတဲ့ *သောက်ရူး* တွေ မရှိနိုင်တော့ဘူး… ။ ငါ့ခင်ပွန်းက အဲ့တာတွေကို USB (Universal Serial Bus) ထဲ ထည့်ပြီး ဘယ် သွားသွား သယ်သွားတတ်တယ်… ။
ငါ မျက်မှောင်ကျုံ့လိုက်တယ်……။အခု ငါ တွေးပူရမှာ ငါ့ယောက်ျ်ားမဟုတ်ဘူး… ။ အသက်ကြီးတဲ့ အဒေါ်ကြီး ဦးလေးကြီးတွေ နဲ့ ငါ့ကလေးတွေ… ။
"ဘာမှ မရှိဘူး သူဌေး…… "
ဝတ်စုံနက်တွေရဲ့ခေါင်းဆောင်က စီနီယာ ကို ပြောလာတယ်… ။ စီနီယာက မျက်ခုံးပင့်ပြီး ငါ့ကို ကြည့်လာပြန်တယ်… ။
"ဘယ်မှာရှိတယ် ဆိုတာ မင်းသိမှာပေါ့……"
"ဘာကိုလဲ………"
"မင်းယောက်ျားရဲ့ ငွေစာရင်း…… "
သြော် … သူက ငွေမဲစာရင်းကို လိုချင်တာပဲ…။ ငါ့ခေါင်းထဲမှာ အကြံတစ်ခု ဖြတ်ကနဲလက်သွားတယ်… ။
"ငါ သိတယ်… ငါ သိသလို အဒေါ်ကြီးတွေနဲ့ ဦးလေးကြီး လဲ သိတယ်…… "
ငါ စီနီယာကို ပြန်စိုက်ကြည့်လိုက်တယ်… ။
" ငါတို့ ခွဲဝှက်ထားတာ… အိမ်နောက်ဖက် ကားဂိုထောင်ထဲမှာတစ်ပိုင်း … မီးဖိုချောင်ထဲမှာ တစ်ပိုင်း……ငါတို့အိပ်ခန်းထဲမှာ တစ်ပိုင်း……… "
သွားရှာဖို့ မျက်ရိပ်ပြလိုက်တဲ့ စီနီယာကိုကြည့်ုပီး ငါရယ်လိုက်တယ်… ။
"ဘယ်လိုရှာရမယ် ဆိုတာ မင်းမသိပါဘူး… "
ငါ ခပ်မာမာပြောပြီး အဒေါ်ကြီးတွေနဲ့ ဦးလေးကြီးကို လှည့်ကြည့်လိုက်တယ်… ။ လုပ်သက်ကြာနေပြီဖြစ်တဲ့ သူတို့က ငါဘာပြောမလဲ ဆိုတာကို အကင်းပါးစွာနဲ့ စောင့်နေကြတယ်… ။
YOU ARE READING
PHOENIX |[ completed ]|
ContoLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)