nine(unicode)

2.3K 237 6
                                    

Love is burning …
Like a …
PHOENIX…
_____________

ငါ့အသက် ၁၇နှစ်… ။
တယ်ရိုမြို့က သီးသန့်အိမ်တော်ကြီးဆီ ငါတို့ ပြောင်းခဲ့တယ်… ။ သခင်လေး ဆိုတဲ့ နာမ်စားနေရာမှာ သခင်ကြီး နဲ့ သခင်မ ဆိုတဲ့ နာမ်စား တွေ ပိုင်ဆိုင်လာတယ်… ။

ဟုတ်တယ်… ။ ငါက သခင်မ……။ ရူးချင်စရာ ကောင်းပေမယ့်လည်း ငါက သခင်မ… ။တလောကလုံးက ငါ့ကို သူ့ဇနီး ပတ်သခင်မ အဖြစ်နဲ့ပဲ သိခဲ့ကြတယ်… ။ ငါ ယောက်ျားလေး တယောက်ဆိုတာကို သိတဲ့သူ မရှိသလောက်ပဲ…။

ဘာအရေးလဲ… ။ ငါ့မှာ သူရှိတယ်…… ။

ဒီအတွေးတစ်ခုတည်းကို ဖက်တွယ်ပြီး ငါ သူ့ကို ပြုံးပြနေခဲ့တယ်… ။ သူ ငါ့ကို ချစ်ပါတယ်… ။ ငါတို့အိမ်ထောင်ရေးကလည်း အဆင်ပြေခဲ့တယ်… ။ အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုခဲ့တာကြောင့်… နောက်ပြီးတော့ အိပ်ယာပေါ်မှာ ကြမ်းတမ်းတဲ့ အိမ်ထောက်ဖက်နဲ့ အိမ်ထောင်ကျခဲ့ရတာကြောင့် ငါ ချူချာတာကို ထည့်မတွက်ရင်ပေါ့…။

ငါ့အသက်၂၁နှစ်မှာ နိုင်ငံခြားတက္ကသိုလ်တစ်ခုကနေ Online study နဲ့ ဘွဲ့ရတယ်… ။ သူကလည်း ငါ့လိုပါပဲ… ။ အိမ်ထောင်ရေး ဆိုတဲ့ ဘောင်တစ်ခုထဲကို စောစောဝင်ခဲ့မိတဲ့ ငါတို့နှစ်ယောက်အတွက် လူငယ်ဆန်ဆန်အချိန်ဖြုန်းဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး လေ… ။

ဘွဲ့ရပြီးနောက်ပိုင်းမှာ ငါ အိမ်ထဲက အိမ်ပြင်ကို အထွက်နည်းလာတယ်… ။ ကားမောင်းသမား နဲ့တောင် တခါတလေ သဝန်တိုတတ်တဲ့ ခင်ပွန်းသည် က ငါ့ကို ပိုင်ဆိုင်ထားတာပဲ… ငါ ဘာတတ်နိုင်ဦးမှာလဲ… ။

အိမ်ထဲမှာပဲ လိမ်လိမ်မာမာနေတဲ့ ငါ့အတွက် သူလက်ဆောင်လေးတွေ ယူလာလေ့ရှိတယ်… ။  နှင်းဆီပွင့်လေးတွေ… ရွှေငါးကန်လေးတွေ… တစ်ခါကဆို အိမ်တော်ရဲ့အနောက်ဖက်မှာ ကန်ကြီးတစ်ကန်တူးပြီး ငါအရမ်းသဘောကျတဲ့ ကြာ ဖြူ လေးတွေနဲ့ ပြည့်နေစေတယ်… ။ ငါ့ကို ပြန်ကဖို့လည်း သူ ခွင့်ပြုတယ်… ။ ဒါပေမယ့် ငါ ကပြရမယ့် တယောက်တည်းသောသူက သူ ဖြစ်ရမယ် တဲ့… ။

ငါတို့အိမ်ထောင်ရေးက သာမာန်စုံတွဲတွေလိုပဲ… ။ မနက်စောစောထတဲ့ ငါက အလုပ်သွားရမယ့် ငါ့ခင်ပွန်းအတွက် ပြင်ဆင်ပေးမယ်… ။ ငါ့နဖူးပေါ်ကို အနမ်းတစ်ပွင့်ပေးပြီး သူ အလုပ်သွားမယ် ။ ငါက အိမ်မှာနေပြီး အိမ်ကို လည်ပတ်မယ်…။ သူ ပြန်လာတာကို ကြိုမယ်… ။ ညစာပြင်ပေးမယ်… ။ အတူတကွ အိပ်စက်ကြမယ်… ။

PHOENIX |[ completed ]|Where stories live. Discover now